ဗီရာကို ၂ ချီထဲနဲ့ ဒိုင်ပွဲရပ် အနိုင်ယူခဲ့တာပါ။

ဘရန်ဒန်ဗီရာရဲ့ တံတောင်ရိုက်ချက်ကြောင့် အောင်လနဖူးကွဲသွားခဲ့ပြီး ပွဲအပြီးမှာ အစိမ်းချုပ်ထားတဲ့ ချုပ်ရိုးကို ပုံနဲ့တကွဖော်ပြလာပြီး ဖိုက်တာတစ်ယောက်ဖြစ်ချင်ရင် အရဲစွန့်ရမယ့်အရာကို လက်ညိုးထိုးပြောပြလာတာပါ။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံကို ၂ ချီထဲနဲ့ အလဲထိုးပြီး သူ့ရဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ပူပူနွေးနွေးကာကွယ်ထားနိုင် တဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ သူ့လို ဖိုက်တာတစ်ယောက်ဖြစ်ချင်ရင် လုပ်ရမယ့်အရာကို သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ပရိသတ်တွေနဲ့ ဝါသနာရှင် မျိုးဆက်သစ်တွေကို လက်တွေ့ပြသခဲ့ပါတယ်။

အောင်လပြောပြတာကတော့ -“ ဖိုက်တာတစ်ယောက်ဖြစ်ချင်ပါသလား? ဒါဆိုရင် ဒီလိုအန္တာရယ် များတဲ့ အရဲစွန့်မှုတွေ လုပ်ဆောင်ရပါလိမ့်မယ်။” ဆိုပြီး သူ့ရဲ့ နဖူးပေါ်က အစိမ်းချုပ်ထားတဲ့ ချုပ်ရိုး တွေကိုနဲ့တကွ ဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။

အောင်လအနေနဲ့ ဘရန်ဒန်ဗီရာကို ပတ်တံတောင်ရိုက်ချက်နဲ့ အနိုင်ရခဲ့ပေမယ့် သူကိုယ်တိုင်လည်း ဗီရာရဲ့ ရိုက်ချက်ကြောင့် နဖူးပြင်မှာသွေးဖျင်းဖျင်းထွက်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ နဖူးကွဲသွားတာကို အစိမ်းချုပ်ခဲ့ရတာဖြစ်ပြီး ဒီအဖြစ်အပျက်ကတော့ ဖိုက်တာတွေမဖြစ်မနေ ရင်ဆိုင်ရမယ့် အခြေအနေတစ်ရပ်အဖြစ်ရှိနေပြီး အောင်လအန်ဆန်ကတော့ ဒီလိုအဖြစ်အပျက်တွေကို ခံနိုင်ရှိမှ ဖိုက်တာတစ်ယောက်ဖြစ်လိမ့်မယ်လို့ အကြံပြုလိုက်တာပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်ရဲ့ လို်က်ဟဲဗီးဝိတ် ခါးပတ်ကာကွယ်ပွဲကို မြန်မာနိုင်ငံလုံးက တီဗွီကတဆင့် စောင့်ကြည့် အားပေးခဲ့ကြပြီး ပရိသတ် ၃ ဦးလောက် နှလုံးခုန်မြန်ပြီး အသက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က