ပထမဆုံးအကြိမ် ပြည်ပမှာ ကျင်းပမယ့်ပွဲလည်း ဖြစ်ပါတယ်။

"ကျွန်တော်တို့နိုင်ငံလို မီးခဏခဏပြတ်တတ်တယ်၊အင်တာနက်မကောင်းဘူးဆိုတဲ့ နိုင်ငံကနေ လှမ်းပြီး လိုင်းပေါ်ကတဆင့် အလုပ်လုပ်ကြရတာကဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ယုံကြည်ထားတာက အင်တာနက်တွေ၊နည်းပညာတွေနဲ့ သီအိုရီပီုင်းရောလက်တွေ့ပိုင်းမှာရော မစိမ်းတဲ့သူတွေ ဖြစ်တဲ့အတွက် အောင် မြင်မှုရမယ်လို့ ယုံကြည်ထားပါတယ်။"

လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာ ကျင်းပမယ့် ၁၂ကြိမ်မြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(wlc)ပြိုင်ပွဲကို ထိုင်း နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီပွဲဟာ wlc သမိုင်းမှာ ပထမဆုံး ပြည်ပမှာ ကျင်းပတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။



ကိုဗစ်ကာလဖြစ်တဲ့အတွက် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသွားအလာ ကန့်သတ်မှုတွေ ရှိတာကြောင့် မြန်မာဘက်က ပြိုင်ပွဲကျင်းပရေး အဖွဲ့အစည်းတွေနဲ့ ပြိုင်ပွဲစီစဥ်ရာမှာ အဝေးက လှမ်းပြီး ထိန်းချုပ်ရတာတွေသာ လုပ်ဆောင်လို့ ရ တယ်လို့လည်း wlc ဥက္ကဌ ဦးဇေသီဟက ရှင်းပြပါတယ်။

“အခက်အခဲတွေကတော့ နယ်မြေကူးလို့မရဘူး၊ဒီကလူက ထိုင်းကိုသွားလို့မရတဲ့အတွက် ထိုင်းမှာရှိတဲ့ အဖွဲ့အ စည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ထားရပါတယ်။ရိုက်ကူးရေးကအစ၊ပွဲစီစဥ်တာရော ကျွန်တော်တို့နဲ့ လုံးဝထိတွေ့ မှုမရှိထားတဲ့ အဖွဲ့အစည်းတစ်ခုကို မျက်စိစုံမှိတ်ပြီး အပ်ရသလိုမျိုးရှိပါတယ်။ပွဲတစ်ခုလုံးကိုလည်း ပြင်ဆင်တာက အစ CCTVတွေ တပ်ပြီး ဒီဖက်ကနေ တစ်ခုချင်းစီ လိုအပ်တာ မှာကြားဆောင်ရွက်ရမှာပါ။ဒိုင်တွေ၊Ring Girls တွေကအစ ဒီဖက်ကနေ လှမ်းပြီး လေ့ကျင့်ပေးရတယ်၊ပတ်တီးစည်းတာကအစ ပြောပြပေးရတာတွေရှိပါတယ်။ ပုံမှန်ထက်ကို အများကြီး ကုန်ကျစရိတ်ရော ရှုပ်ထွေးမှုရော ရှိနေပါတယ်။ဒါပေမယ့် အောင်မြင်မယ်လို့ ယုံကြည်ပါ တယ်။”လို့ ဥက္ကဌ ဦးဇေသီဟက ဒီကနေ့ Zoomနဲ့ပြုလုပ်ခဲ့တဲ့ မီဒီယာသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြိုင်ပွဲ ကျင်းပရာမှာလည်း ပုံမှန် ပြည်တွင်းပွဲတွေ ကျင်းပတာထက် အသုံးစရိတ်ပိုမိုသုံးစွဲထားရပြီး ကုန်ကျငွေ မြန်မာငွေကျပ် သိန်း ၃၀၀၀ခန့် ခန့်မှန်းထားတယ်လို့လည်း ဒုဥက္ကဌ ဦးဇင်မင်းလွင်ရဲ့ ပြောပြချက်အရ သိရပါ သေးတယ်။

ပြိုင်ပွဲကျင်းပရေးအဖွဲ့ဖက်ကနေလည်း ပုံမှန်အခြေအနေနဲ့မတူတဲ့ ပြိုင်ပွဲကျင်းပရမှု ပုံစံကြောင့် ဘယ်လောက်ထိ အပြင်းအထန် ပြင်ဆင်ထားဖြစ်လဲဆိုတာကိုလည်း ဦးဇေသီဟက ဆက်လက်ရှင်းပြပါတယ်။

“ဒီပွဲကို ဦးတည်တာက လက်ဝှေ့ပရိသတ်တွေ ပွဲငတ်နေတဲ့အနေအထားအပေါ်မှာ သူတို့ ဆန္ဒပြည့်ဝဖို့ အဓိက ထားပါတယ်။ကျွန်တော်တို့နိုင်ငံလို မီးခဏခဏပြတ်တတ်တယ်၊အင်တာနက်မကောင်းဘူးဆိုတဲ့ နိုင်ငံကနေ လှမ်းပြီး လိုင်းပေါ်ကတဆင့် အလုပ်လုပ်ကြရတာကဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ယုံကြည်ထားတာက အင်တာနက်တွေ၊နည်းပညာတွေနဲ့ သီအိုရီပီုင်းရောလက်တွေ့ပိုင်းမှာရော မစိမ်းတဲ့သူတွေ ဖြစ်တဲ့အတွက် အောင် မြင်မှုရမယ်လို့ ယုံကြည်ထားပါတယ်။တစ်ခုခုလွဲချော်ဖို့ဆိုတာကတော့ အင်မတန် ရာခိုင်နှုန်းနည်းပါတယ်။”လို့ ဦး ဇေသီဟက ဆက်လက်ပြောပါတယ်။

Hideout Battle လို့ အမည်ပေးထားတဲ့ ၁၂ကြိမ်မြောက် wlc ပြိုင်ပွဲရဲ့ အဓိက ခေါင်ပွဲက စပိန်ကစားသမား မာရှာနဲ့ ပြင်သစ်က ဆိုရိတို့ရဲ့ ဘန်တန်ဝိတ်တန်းအမျိုးသမီးကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲဖြစ်ပါတယ်။

ဒုခေါင်ပွဲကတော့ မြန်မာက စိုးမင်းအောင်နဲ့ဥဇဘတ်က အာသာတီတို့ပွဲဖြစ်ပြီး စုစုပေါင်းတွဲဆိုင်း ၇ဆိုင်း ပါဝင်ကာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ကျော်ကို ရုပ်သံကနေ ပြသပေးသွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က