ပထမဆုံးပြည်ပမှာကျင်းပမယ့် ပွဲဖြစ်ပါတယ်။

သြဂုတ် ၂၈မှာကျင်းပမှာဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပထမဆုံး ပြည်ပပွဲအဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။

မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပနေတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ပထမဆုံး ကျင်းပသွားတော့မှာဖြစ်ပါတယ်။



ပြိုင်ပွဲကို လာမယ့် သြဂုတ်လ ၂၈ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီး တွဲဆိုင်းပေါင်း ၇ဆိုင်း ပါဝင်ပါတယ်။

“မူလက မြန်မာနဲ့ထိုင်းမှာ ပူးတွဲကျင်းပဖို့ စီစဥ်ထားပေမယ့်အခုတော့ ထိုင်းမှာပဲ ကျင်းပဖြစ်ပါတယ်။ကိုဗစ်ကာလ အသွားအလာတွေ ကန့်သတ်ထားပေမယ့ပြိုင်ပွဲဝင်ကစားသမားတွေ အားလုံးက ထိုင်းမှာအခြေချနေသူတွေ ဖြစ်လို့ ပြိုင်ပွဲကိုစီစဥ်လို့ ရတာပါ။”လို့ wlc ပြိုင်ပွဲကျင်းပရေး မီဒီယာတာဝန်ခံ ကိုညီမင်းဟန်က Duwun ကိုပြောပါ တယ်။

ယခုနှစ်ပြိုင်ပွဲမှာ ထူးခြားချက်အနေနဲ့ အမျိုးသမီး ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲက ခေါင်ပွဲအဖြစ် ကစားမှာ ဖြစ်ပြီး ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) နဲ့ မိုင်ရှာကက်ဇ် (စပိန်)တို့ လုကြမှာပါ။

ဒုခေါင်ပွဲကတော့ စိုးမင်းအောင် (မြန်မာ) နဲ့ အာသာတီ (ဥဇဘက်ကစ္စတန်)တို့ပွဲဖြစ်ပြီး ကျန်ပွဲစဥ်တွေမှာလည်း ပရိသတ်တွေ အကြိုက်တွေ့စေမယ့်ပွဲကောင်းတွေ ပါဝင်နေပါတယ်။

ဒီတစ်ခေါက်မှာတော့ ပြည်တွင်းသီးသန့် တွဲဆိုင်းမပါဝင်ပဲ မြန်မာကစားသမား ၃ဦးသာ ပါဝင်နေပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ပြိုင်ပွဲကိုသတ်မှတ်စည်းမျဥ်းတွေနဲ့အညီ ကျင်းပသွားမှာဖြစ်သလို ပရိသတ်တွေ ကိုလည်း ဝင်ရောက်ခွင့်မပြုဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က