စက်တင်ဘာ ၂၅ရက်နေ့၌ ထိုင်းနိုင်ငံမှာ ကျင်းပမှာပါ။
Kyaw Ko Ko Sint

ထိုင်းနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကျင်းပမှာ ဖြစ်ပြီး စုစုပေါင်း တွဲဆိုင်း ၇ဆိုင်းပါဝင်လာမယ့် ယခုပြိုင်ပွဲမှာ ခေါင်ပွဲအဖြစ် လိုက်ဝယ်လ်တာဝိတန်း ရွှေခါးပတ် ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ ပေါ်တူ ဂီနိုင်ငံသား အန်တိုနီယိုဖာရီယာနှင့် စိန်ခေါ်သူ စပိန်နိုင်ငံသား ဖရန်စ္စကို မီညာလက်စ်တို့ရဲ့ တွဲဆိုင်း ဖြစ်ပါတယ်။

ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ် ကပ်‌ရောဂါကြောင့် ကမ္ဘာပေါ်က အားကစားပြိုင်ပွဲ အားလုံးနီးပါး ရပ် နားခဲ့ရပြီး လက်ရှိအချိန်မှာတော့ ကိုဗစ် သတ်မှတ်စည်းကမ်းတွေနဲ့အညီ အားကစားပြိုင်ပွဲအချို့ ကျင်းပလျက်ရှိ ပါတယ်။

မြန်မာနိုင်ငံမှာလည်း မြန်မာ့လက်ခမောင်း ကုမ္ပဏီက အဓိက စီစဥ်ကျင်းပနေတဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC) ပြိုင်ပွဲကို မူလ ရပ်နားထားခဲ့ရာမှာ ယခုအခါ ကိုဗစ်နဲ့အညီ ပြန်လည်ကျင်းပနေတာ ၂ပွဲမြောက် ရှိလာခဲ့ပါ ပြီ။

ကိုဗစ်ကာလအတွင်း ပထမဆုံး ကျင်းပခဲ့တဲ့ ပွဲကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲက ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ရှစ်ရဲ့ သမိုင်းမှာ ပထမဆုံး ပြည်ပမှာ ပြုလုပ်တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အခု လာမယ့် စက်တင်ဘာ ၂၅မှာ ဆိုရင်လည်း ဒုတိယမြောက် ထိုင်းနိုင်ငံမှာ ထပ်မံ ကျင်းပအုံးမှာ ဖြစ်ပြီး ဒီပွဲကို ပရိသတ်တွေ ကြည့်ရှုနိုင်အောင် ရုပ်သံလိုင်းအသီးသီးကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးသွားမယ်လို့ လည်း သိရပါတယ်။

အခုတစ်ကြိမ် ပြိုင်ပွဲမှာတော့ ခေါင်ပွဲအဖြစ် လိုက်ဝယ်လ်တာဝိတ်တန်း ခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ပေါ်တူ ဂီနိုင်ငံသား အန်တိုနီယိုဖာရီယာနှင့် စိန်ခေါ်သူ စပိန်နိုင်ငံသား ဖရန်စ္စကို မီညာလက်စ်တို့ရဲ့ တွဲဆိုင်း ဖြစ်ပါတယ်။

ဓာတ်ပုံ - WLC

တွဲဆိုင်း စုစုပေါင်း ၇ဆိုင်းပါဝင်လာပြီး ထိုင်းနိုင်ငံရောက် မြန်မာ့လက်ဝှေ့သမား ၃ဦးလည်း ပါဝင်လာပါတယ်။

“ပြိုင်ပွဲကို ကိုဗစ်ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံဖက်ကနေ အွန်လိုင်းကတဆင့် ဒိုင်လူကြီးတွေကို စည်းမျဥ်းတွေ ပို့ချပေးရတယ်၊နောက်ပြီး ကိုဗစ် သတ်မှတ်ချက်နဲ့အညီ ဆောင်ရွက်ပေးဖို့ ညှိနှိုင်းရတယ်။အားလုံးကို ပြိုင်ပွဲမတိုင် ခင်ရော၊ပွဲချိန်အတွင်းရော၊ပွဲအပြီးမှာပါ မြန်မာနိုင်ငံဖက်ကနေ တိုက်ရိုက်လှမ်းပြီး ညွှန်ကြား လုပ်ဆောင်တာပါ။” လို့ ပြိုင်ပွဲကျင်းပတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲစီစဥ်သူ ဦးဇေသီဟက ပြောထား ခဲ့ပါတယ်။

အခုပြိုင်ပွဲရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုကတော့ ပွဲစဥ် အမှတ် ၁၃ဖြစ်ပေမယ့် ပွဲစဥ် ၁၄လို့ တစ်ဆင့်ကျော်ပေး ထားတာပါ။ ဒါကလည်း အနောက်နိုင်ငံတွေမှာ နံပါတ် ၁၃ဟာ ကံမကောင်းတဲ့ နံပါတ်အဖြစ် သတ်မှတ်လေ့ရှိတာ နဲ့အညီ WLCကလည်း နံပါတ် ၁၃ကို မကြိုက်တဲ့အတွက် ၁၄အဖြစ်သာ နံပါတ်စဥ်ပေးပြီး ဒီတစ်ခေါက်ပြိုင်ပွဲကို LETHWEI SHOWCASE လို့အမည်ပေးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က