ရောဂါပျောက်ကင်းသူရဲ့ သွေးရည်ကြည်နမူနာက အများကြီးအသုံးဝင်တယ်လို့ဆိုပါတယ်။
Pyae Phyo Thein

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ပြန်လည်သက်သာပျောက်ကင်းခဲ့တဲ့ အောင်လအန်ဆန်ဟာ သူ့ရဲ့ သွေးရည်ကြည်နမူနာတွေကို လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ ဖော်ပြခဲ့ပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးဖော်ထုတ်ဖို့အတွက် စမ်းသပ်မှုတွေပြုလုပ်ရာမှာ ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်နမူနာတွေက အသုံးဝင်နေတာလည်းဖြစ်ပါတယ်။ 

အောင်လအန်ဆန်ကတော့ ဇူလိုင်လ ၃ ရက်နေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်အဖြေထွက်ပေါ်ခဲ့ပြီး နေအိမ်မှာပဲ အသွားအလာကန့်သတ်နေထိုင်ခဲ့ပြီး ဆေးဝါးကုသမှုတွေပြုလုပ်ခဲ့ပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ ဗိုင်းရပ်စ်ပျောက်ကင်းသွားခဲ့တာဖြစ်ပြီး အခုအခါမှာ သူ့ရဲ့ သွေးရည်ကြည်နမူနာကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။ 

"ကျွန်တော်တိုအချင်းချင်းပြောဆိုတဲ့စကားတွေကို၊ကျွန်တော်တို့ရဲ့ ဖုန်းတွေကတဆင့်၊နားထောင်နေတယ်ဆိုတာသေချာပါတယ်၊ ဘာကြောင့်လဲဆိုတော့ သတင်းတွေမှာ၊သုတေသီတွေက ကိုဗစ်-၁၉ကူးစက်ခံရပြီးနောက်ပြန်လည်သက်သာပျောက်ကင်းသွားတဲ့လူတွေရဲ့သွေးနမူနာတွေကိုလိုအပ်နေတယ်ဆိုတဲ့အကြောင်းပြောနေတာကိုတွေ့မိပါတယ်"

ပြီးတော့၊ဆိုရှယ်မီဒီယာမှာ၊ ကျွန်တော်တို့ဒေသကသွေးလှူဘဏ်ရဲ့ကြေညာတခုပေါ်လာတာကိုလည်းတွေ့မိတဲ့အတွက်အခုကျွန်တော်ဒီမှာထိုင်ပြီးကျွန်တော့်သွေးရည်ကြည်နမှုနာကိုလှူဒါန်းနေပါတယ်။ အားလုံးကိုပြောပြချင်တဲ့သတင်းကတော့၊ ကျွန်တော့်(မြန်မာ့စပါးအုံး)လို၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးပြန်လည်ပျောက်ကင်းသက်သာသွားတဲ့လူတွေရဲ့ သွေးနမှူနာတွေကိုစမ်းသပ်အဖြေရှာပြီး၊ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျောက်ကင်းအောင်ကုသဖို့အတွက်ဆေးဝါးတွေကို သိပ်မကြာခင်မှာပညာရှင်တွေရှာဖွေတွေ့ရှိတော့မှာပါ။ အားလုံးပဲပျော်ရွှင်ဖွယ် တနင်္လာနေ့ဖြစ်ပါစေ။" လို့ အောင်လအန်ဆန်က ရေးသားပြောဆိုခဲ့ပါတယ်။ 

အောင်လအန်ဆန်အနေနဲ့ လက်ရှိမှာ ပုံမှန်လေ့ကျင့်မှုတွေကို ပြုလုပ်နေပြီဖြစ်ပြီး ဒီနှစ်အတွင်းမှာ သူ့ရဲ့ ONE Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲကို ထိုးသတ်သွားဖို့ရှိနေပါတယ်။ စိန်ခေါ်သူ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်မှာပဲ နေထိုင်ကာ လေ့ကျင့်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ 


Author


က္က