အောင်လတွဲဆိုင်းပါဝင်တဲ့ ONE Infinity-1 ကို ရွှေ့ဆိုင်းခဲ့တာပါ။
Pyae Phyo Thein

"တံခါးပိတ်ထိုးရတာပဲဖြစ်ဖြစ်၊ ပရိသတ်တွေရှေ့မှာ ထိုးသတ်ရတာပဲဖြစ်ဖြစ်ပါ၊ ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်တော့်ပရိသတ်တွေအတွက် အကောင်းဆုံးထိုးသတ်သွားဖို့ ပြင်ဆင်ထားပါတယ်" လို့ အောင်လအန်ဆန်က ပြောဆိုသွားခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ပြဿနာတွေဖြစ်ပွားမှုကြောင့် ၂၀၂၀ အတွင်းကျင်းပမယ့် ONE Championship ပြိုင်ပွဲတွေကို အပြောင်းအလဲပြုလုပ်ခဲ့ရတယ်လို့ ONE Championship ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုမျိုး အပြောင်းအလဲပြုလုပ်ခဲ့တဲ့ထဲမှာ ဧပြီလ၁၀ ရက်နေ့ထိုးသတ်မယ့် အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်တိုု့ရဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်လုပွဲလည်း ပါဝင်ခဲ့ပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ ONE ရဲ့ ဥက္ကဌနဲ့ စီအီးအိုဖြစ်သူ ချက်ထရီက စင်ကာပူမှာကျင်းပမယ့် ပြိုင်ပွဲတွေကို ကွင်းပိတ်ကျင်းပသွားမယ်လို့ လူမှုကွန်ယက်ကနေ ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာကျင်းပမယ့် ONE Infinity-1 ပြိုင်ပွဲကိုလည်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မေလ ၂၉ ရက်နေ့ထိုးသတ်ဖို့ ပြောင်းလဲစီစဉ်ခဲ့ရပါတယ်။ 

လက်ရှိမှာလည်း ဖိလစ်ပိုင်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုတွေရှိလာခဲ့ကာ ပိတ်ဆို့မှုတွေကို ပြုလုပ်နေခဲ့လို့ နောက်ထပ်တစ်စုံတစ်ရာပြောင်းလဲလာနိုင်ဖွယ်လည်းရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ဒီလိုမျိုး ရွှေ့ဆိုင်းခဲ့ရတဲ့အပေါ်မှာ နာမည်ကျော်တိုက်ခိုက်ရေးသမားတွေက ပရိသတ်တွေကို မေတ္တာရပ်ခံမှုတွေပြုလုပ်ခဲ့သလို အားပေးတိုက်တွန်းမှုတွေလည်း ပြုလုပ်ခဲံပါတယ်။ 

အောင်လအဆန်ဆန်က "ONE Chamipionship ပြိုင်ပွဲကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ တံခါးပိတ်ကျင်းပမယ့် ပွဲစဉ်တွေမှာလည်း အံ့အားသင့်ဖွယ်ရာ ထိုးသတ်ပွဲတွေဖြစ်လာမယ်လို့ ကျွန်တော်တို့ဘက်က ကတိပေးပါတယ်၊ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း အားကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်ကျေးဇူးအရမ်းတင်ပါတယ်၊ ဘယ်နေရာမှာပဲ ထိုးသတ်ရထိုးသတ်ရပါ၊ ပရိသတ်တွေအတွက် ကျွန်တော်အကောင်းဆုံးထိုးသတ်သွားဖို့ ပြင်ဆင်ထားပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 


(ထပ်မံဖြည့်စွက်ချက်)



နောက်ဆုံးသိရတဲ့ သတင်းအချက်အလက်များအရ မူလက ONE Infinity-1 ပြိုင်ပွဲကြီးမှာ ပါဝင်ဖို့ စီစဉ်ထားတဲ့ အောင်လအန်ဆန် နဲ့ ဘစ်ဒက်ရှ်တို့ရဲ့ တွဲဆိုင်းကို ထည့်သွင်းမယ်၊ မထည့်သွင်းဘူးဆိုတာ အတည်မပြုနို်င်သေးဘူးလို့ ONE နဲ့ နီးစပ်သူထံမှ သိရှိရပါတယ်။ ONE Infinity ဆိုတဲ့ နာမည်နဲ့ ပြိုင်ပွဲတွေကို စီးရီးအလိုက်စီစဉ်ထားတာဖြစ်ပြီး အောင်လအန်ဆန်တို့ တွဲဆို်င်းကို အခြားသောစီးရီးတွေထဲမှာ ထည့်သွင်းမှာလား၊ မထည့်သွင်းဘူးလားဆိုတာကို လက်ရှိအချိန်ထိတော့ အတည်ပြုဆုံးဖြတ်ထားခြင်းမျိုးမရှိသေးတာဖြစ်ပါတယ်။


က္က