ကမ္ဘောဒီးယားမှာ ဧပြီ ၃ ရက်‌‌‌နေ့ကျင်းပဖို့ စီစဥ်ထားတာပါ။

မြန်မာနိုင်ငံကို WLCက ကိုရိုနာဗိုင်းရပ်စ် သယ်ဆာင်လာပြီး ပြည်သူတွေရဲ့ ကျန်းမာရေးကို ရှုပ်ထွေးစေတာမျိုး မဖြစ်ချင်တာကြောင့်လို့ သိရပါတယ်။

ကမ္ဘာအဝန်းကူးစက်ပျံ့နှံ့လျက်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC)က ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲအမှတ်စဥ်(၁၂)ကို ရက်ရွှေ့ဖို့ လုပ်ဆောင်နေရ တယ်လို့ ဒီကနေ့မှာပဲ သတင်းထုတ်ပြန်လာပါတယ်။



ကမ္ဘောဒီးယားမှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲက WLC သမိုင်းမှာ မြန်မာနိုင်ငံအပြင်ဖက် ပထမဆုံး သွားရောက် ပြုလုပ်မယ့်ပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲကို လာမယ့် ဧပြီလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြိုင်ပွဲကျင်းပမယ့်နေ့ကို ပြန်လည်သတ်မှတ်ဖို့ စီစဥ်နေတာပါ။

“ အဓိကကတော့ WLCက ကိုရိုနာဗိုင်းရပ်စ်ကို မြန်မာနိုင်ငံကိုသယ်လာပြီး အများပြည်သူကျန်းမာရေးကို ရှုပ်ထွေးစေတယ်ဆိုတဲ့ အဖြစ်မျိုးမကြုံချင်တာရယ်၊ပထမဆုံး နိုင်ငံတကာထွက်တဲ့ပွဲက ဒီဗိုင်းရပ်စ်ကြောင့် မအောင်မြင်တာမျိုးလည်း မကြုံချင်တာကြောင့် ပွဲရွှေ့ဖို့ ပြန်စဥ်းစားနေရတာပါ။”လို့ WLC တည်ထောင်သူ ဦးဇေသီဟက ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ ပြိုင်ပွဲကျင်းပမယ့်ရက်ကို ဘယ်နေ့ ဘယ်အချိန် ရွှေ့ဆိုင်းတယ်လို့ မကြေညာသေးပဲ အပြီးသတ် ဆုံးဖြတ်ချက်ကိုမူ ထပ်မံ ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

WLC ပြိုင်ပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေမှာ လည့်ပတ်ကျင်းပနေတာ ၁၁ ကြိမ်ရှိခဲ့ပြီ ဖြစ်ပြီး ၂၀၂၀ ထဲမှာတော့ နိုင်ငံတကာမှာ လှည့်လည်ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ပထမဆုံးအဖြစ် ကမ္ဘောဒီးယား၊ထိုင်း၊ဂျပန်နဲ့ အမေရိကန်နိုင်ငံတို့မှာ သွားရောက်ကျင်းပဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က