မဲစနစ်နဲ့ ပရိသတ်တွေကိုယ်တိုင် ရွေးချယ်ပေးရမှာပါ။

အောင်လအန်ဆန်ကို " VOTE ပေးရန်" ဆိုတဲ့ နေရာကို ကလစ်နှိပ်ပြီး ပရိသတ်တွေအနေနဲ့ အောင်လအန်ဆန်ကို မဲပေးရွေးချယ်ပေးနိုင်တယ်လို့ သိရပါတယ်။

One Championship က ကျင်းပလျက်ရှိတဲ့ MMA ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့စပါးအုံး အောင်လ အန်ဆန်အနေနဲ့ Fighter Only Magazine က ပေးအပ်ချီးမြှင့်မယ့် World MMA Awards ဆုပေးပွဲမှာ ဆုနှစ်ဆု အတွက် ဆန်ကာတင်စာရင်း တင်သွင်းခြင်း ခံထားရတယ်လို့ World MMA Awardsရဲ့ ဖော်ပြချက်အရ သိရပါ တယ်။



အောင်လအန်ဆန်အနေနဲ့ ဆန်ကာတင်စာရင်းပါဝင်နေတဲ့ ဆုအမျိုးအစားတွေကတော့ Charles “Mask” Lewis Fighter of the Year နဲ့ International Fighter of the Year ဆုတွေပဲ ဖြစ်ပါတယ်။

အခုပေးအပ်တဲ့ဆုတွေမှာတောာ့ Charles “Mask” Lewis Fighter of the Year ဆုကတော့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ချာလီမတ်စ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၀ ခုနှစ်က စပြီး Charles “Mask” Lewis Fighter of the Year ဆိုပြီး အမည်ပြောင်းလဲ ပေးအပ်ခဲ့တာလို့သိရပါတယ်။

ဒီဆု စာရင်းမှာတော့ အောင်လအန်ဆန်အနေနဲ့ ဆန်ကာတင် ၅ ဦးစာရင်းမှာ UFCက ဖိုက်တာတွေနဲ့အတူ ပါဝင်နေပြီး အထူးသဖြင့် မက်ဂရီဂေါကို အနိုင်ယူထားတဲ့ ရုရှားက ခါဘစ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အခြားဖိုက်တာတွေကတော့ အီရန်က တစ်ဦးနဲ့ အမေရိကန်က ၂ ဦးတို့ ဒီဆု ဆန်ကာတင်စာရင်းမှာပါဝင်နေ တာပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ အခုလို Fighter Only Magazine ကပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံး MMA ဖိုက်တာဆုတွေအတွက် ပရိသတ်တွေကို မဲစနစ်နဲ့ အားပေးကြဖို့လည်း တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒီဆုတွေက ပရိတ်သတ်တွေ ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး ပေးအပ်တာမျိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိတ်သတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိတ်သတ်တွေကပေးမဲ့ Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလည်မှာ ပိုမိုသိလာ စေမယ့်အပြင်ကျွန်တော်တို့နိုင်ငံကိုလည်းပိုပြီးလူသိများလာစေနိုင်မယ့်အခြေအနေမျိုးလည်းဖြစ်ပါ တယ်။ လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှု စာမျက်နှာထက်မှာ ရေးသား ဖော်ပြခဲ့တာပါ။

အခြား ဆုတစ်ဆု ဖြစ်တဲ့ International Fighter of the Year ဆုမှာလည်း အောင်လအန်ဆန်က ထပ်မံ ပါဝင် လာပြန်ပြီး ဒီဆုစာရင်းမှာလည်း အောင်လအနေနဲ့ နာမည်ကျော် ကစားသမား ခါဘစ်ရဲ့ အားပြိုင်မှုကို ထပ်မံ ရရှိထားပြန်တာ တွေ့ရပါတယ်။

“ MMA လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ World MMA Awards ဆုပေးပွဲမှာ ကျွန်တော့်အမည်စာရင်းထည့်သွင်းခံထားရပါတယ်။ Fighters Only Magazine က ပြုလုပ်တဲ့ ဒီဆုပေးပွဲဟာ နိုင်ငံတကာမှာရှိတဲ့ MMA ပြိုင်ပွဲတွေထဲက ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး ဆုကိုတော့ ပရိတ်သတ်ပေးတဲ့ Vote နဲ့ ရွေးချယ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်အခုကျွန်တော့်အမည်စာရင်း ထည့်သွင်းလျာထားခံရတဲ့ ဆုတွေဟာ “ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆု” ချီးမြင့်သလိုမျိုး MMA ထူးချွန်ကစားသမားတွေအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ ဆုတွေဖြစ်ပါ တယ်။"”လို့ အောင်လအန်ဆန်က ပရိသတ်တွေကို ပြောထားတာပါ။

အောင်လ ဆန်ကာတင်စာရင်းပါဝင်နေတဲ့ ဆုတွေက ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ ဆုတွေ ဖြစ်ပြီး International Fighter of the Year ဆုကတော့ အမေရိကန် ပြင်ပက ကစားသမားတွေကို ရွေးချယ် ပေး အပ်တာ ဖြစ်လို့ ဒီဆုစာရင်းမှာတော့ အမေရိကန်လူမျိုး ဖိုက်တာတွေ မပါဝင်ပါဘူး။

၂၀၁၇ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုတော့ နယူးဇီးလန်နိုင်ငံမှာမွေးပြီး သြစတြေး လျနိုင်ငံသား ခံယူထားတဲ့ UFC မစ်ဒယ်ဝိတ်ချန်ပီယံ ရော်ဘတ် ဝှိုက်တာကာက ရရှိထားပါတယ်။

ခါဘစ်ကတော့ ၂၀၁၆ ခုနှစ်တုန်းက ရရှိထားပြီး Charles “Mask” Lewis Fighter of the Year ဆုမှာတော့ နာမည်ကျော်ကစားသမား မက်ဂရီဂေါက ၂၀၁၅ နဲ့ ၂၀၁၆ တွေမှာ နှစ်နှစ်ဆက် ရရှိထားတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က