ညီမဖြစ်သူ ခွေးကိုက်ခံရမယ့်အရေးကို အနစ်နာခံဝင်ရောက်ကယ်တင်ပေးခဲ့သူပါ။
Pyae Phyo Thein

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝေါ်လ်ကာရဲ့ ညီမဖြစ်သူကို အသက်စွန့်ကာကွယ်ပေးခဲ့တဲ့သတင်းဟာ ကမ္ဘာ့သတင်းစာမျက်နှာတွေထက်မှာ ဖော်ပြခံခဲ့ရပါတယ်။


ညီမဖြစ်သူ ခွေးကိုက်ခံရမယ့်ဘေးကနေ ကင်းလွတ်စေဖို့ သူရဲကောင်းဆန်ဆန်ဝင်ရောက်ကာကွယ်ပေးပြီး ကိုယ်စားထိခိုက်ခံခဲ့တဲ့ ဘရစ်ဂျာဝေါ်လ်ကာဆိုတဲ့ ကလေးငယ်အကြောင်း အားလုံးသိပြီးကြမယ်ထင်ပါတယ်။ အချက်ပေါင်း ၉၀ အထိ ချုပ်ခံခဲ့ရတဲ့ ဒဏ်ရာတွေရရှိခဲ့တဲ့ ဝေါ်လ်ကာလေးဟာ ကမ္ဘာတလွှားက ချီးကျူးမှုတွေကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုအခါမှာတော့ သူ့ကို သူရဲကောင်းတစ်ဦး ၊ ချန်ပီယံတစ်ဦးအဖြစ်နဲ့ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC) က သတ်မှတ်ဂုဏ်ပြုခဲ့ပြီး ချန်ပီယံခါးပတ်ကို ဂုဏ်ပြုလက်ဆောင်အဖြစ်ပေးပို့လိုက်ပြီဖြစ်ပါတယ်။ အသက် ၆ နှစ်အရွယ် ဝေါ်လ်ကာလေးဟာ အမေရိကန်နိုင်ငံ၊ Wyoming မှာ နေထိုင်သူဖြစ်ပြီးတော့ ခွေးကိုက်ခံရမှုကြောင့် မျက်နှာနဲ့ အခြားနေရာတွေမှာ ဒဏ်ရာအများအပြားရရှိခဲ့ပါတယ်။

သူ့ရဲ့ လုပ်ရပ်အတွက် နာမည်ကျော်စူပါဟီးရိုးဇာတ်ကောင်တွေဆီက ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပြီး လူသားတစ်ဦးအနေနဲ့ ရဲရင့်တဲ့လုပ်ဆောင်မှုကို လုပ်ခဲ့တယ်လို့လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကမ္ဘာ့လက်ဝှေ့ကောင်စီကလည်း သူတို့ရဲ့ တရားဝင်တွစ်တာအကောင့်ကနေ "အသက် ၆ နှစ်အရွယ် ဝေါ်လ်ကာအတွက် ဂုဏ်ယူမိပါတယ်၊ သူ့ရဲ့ ရဲရင့်မှု၊ သတ္တိရှိမှုတွေနဲ့ လူသားတွေရဲ့ တန်ဖိုကို ကိုယ်စားပြုပြီးဆောင်ရွက်ပြခဲ့တဲ့အတွက် WBC ရဲ့ ချန်ပီယံအဖြစ် ဂုဏ်ပြုပါတယ်၊ ဝေါ်လ်ကာရေ မင်းက ချန်ပီယံတစ်ယောက်ပါ" လို့ ရေးသားချီးကျူးခဲ့ပါတယ်။

WBC ရဲ့ ဥက္ကဌဖြစ်သူ မော်ရီစီယိုဆူလေမန်ကလည်း ဝေါ်လ်ကာနဲ့ သူ့ရဲ့ညီမဖြစ်သူအတွက် WBC ခါးပတ်ကို ဂုဏ်ပြုပေးပို့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ WBC ရဲ့ ဝက်ဘ်ဆိုက်မှာလည်း "WBC က ဝေါ်လ်ကာရဲ့ ရဲရင့်မှုအတွက် တကယ်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်၊ ဒီအတွက် ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဆောင်ချန်ပီယံအဖြစ် သတ်မှတ်ရတာကိုလည်း တကယ်ဂုဏ်ယူမိပါတယ်" လို့ ရေးသားဖော်ပြထားပါတယ်။ 

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝေါ်လ်ကာရဲ့ ညီမဖြစ်သူကို အသက်စွန့်ကာကွယ်ပေးခဲ့တဲ့သတင်းဟာ ကမ္ဘာ့သတင်းစာမျက်နှာတွေထက်မှာ ဖော်ပြခံခဲ့ရပါတယ်။ နာမည်ကျော်လူပုဂ္ဂိုလ်တွေရဲ့ ချီးကျူးမှုကိုလည်းရရှိခဲ့ပါတယ်။ ညီမဖြစ်သူကို ခွေးကရန်မူဖို့ ကြိုးစားစဉ်မှာ မဖြစ်မနေအသက်စွန့်ရမယ်ဆိုပါက သူပဲ အသက်စွန့်ရမယ်ဆိုတဲ့ စိတ်နဲ့ ကာကွယ်ပေးခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ဒီပြောစကားကလည်း ကမ္ဘာကျော်နေခဲ့ပါတယ်။ 


Author


က္က