စတုတ္ထအချီမှာ အနိုင်ရခဲ့တာပါ။

မိုက်ရှာကက်ဇ်က စတုတ္ထအချီမှာ ဆက်လက်မထိုးနိုင်တော့လို့ ဆိုရိစ်က အနိုင်ရရှိပြီး ပထမဆုံး အမျိုးသမီး ချန်ပီ ယံ ဖြစ်လာတာပါ။

ထိုင်းနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ခေါင်ပွဲမှာ ပြင်သစ်သူ ဆိုရီစ်မန်ဖ ရက်ဒီက စပိန်သူမိုင်ရှာကက်ဇ်ကို အနိုင်ယူပြီး ပထမဆုံး အမျိုးသမီး ချန်ပီယံ ဖြစ်လာပါတယ်။



စတုတ္ထအချီအပြီးတွင် စပိန်သူ မိုင်ရှာကက်ဇ်က ဆက်လက်မထိုးသတ်နိုင်တော့သဖြင့် ဆိုရိစ်က အနိုင်ရရှိခဲ့တာလို့ လည်း သိရပါတယ်။

ဘင်တန်ဝိတ်တန်းရဲ့ အမျိုးသမီး ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ခါးပတ်ကို ဆိုရိစ်က ပထမဆုံး ရရှိခဲ့သူဖြစ်ပြီး ဒါဟာ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ရဲ့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ခေါင်ပွဲအဖြစ် ကျင်းပတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အလားတူ ပြည်ပနိုင်ငံတစ်ခုမှာ ကျင်းပတာလည်း ပထမဆုံး ဖြစ်ပြီး ကိုဗစ်ကာလအတွင်း သွားလာလို့ မရချိန်မှာ မြန်မာနိုင်ငံကနေ ညွှန်ကြားမှုတွေလုပ်ပြီး ကျင်းပတဲ့ အဆိုပါပွဲမှာ ပြိုင်ပွဲသမိုင်းမှာ အခက်အခဲဆုံး ပြိုင်ပွဲလည်း ဖြစ်ခဲ့တယ်လို့ ဥက္ကဌ ဦးဇေသီဟက ပြောထားပါတယ်။

ဒုတိခေါင်ပွဲအဖြစ် ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာက စိုးမင်းအောင်နဲ့ ဥဇဘက်က အာသာတီတို့ရဲ့ပွဲမှာလည်း အမှတ်ဆုံး ဖြတ်ချက်အရ စိုးမင်းအောင်က ၂-၁နဲ့ အနိုင်ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က