US ဂရင်းပရီပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ ၃ရက်နေ့မှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

၂၀၁၉ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံဆုအတွက် US ဂရင်းပရီပြိုင်ပွဲအပြီးမှာ အဖြေထွက်ပေါ်လာဖို့ရှိနေပါတယ်။

ကျင်းပလျက်ရှိတဲ့ ၂၀၁၉ ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ကစားသမားအဆင့်ရပ်တည်မှုတွင် ထိပ်ဆုံးမှာဦးဆောင်နေတဲ့ ဟာမီလ်တန်အနေနဲ့ ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်ခွင့်ရရှိရေးအတွက် အနည်းဆုံးရမှတ်၁မှတ်ရရှိဖို့လိုအပ်နေဆဲ  ဖြစ်တယ်လို့ SkySports က သုံးသပ်ဖော်ပြလာပါတယ်။

ဟာမီလ်တန်အနေနဲ့ ပြီးခဲ့တဲ့ မက္ကဆီကိုဂရင်းပရီပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့တယ်ဆိုပေမယ့် အသင်း  ဖော်ဖြစ်တဲ့ ဒုတိယနေရာက ဗစ်တာရီဘော့တက်စ်နဲ့အကြား ရမှတ် ၇၄မှတ်သာကွာဟနေတဲ့အတွက် ချန်ပီယံ အဖြစ်သတ်မှတ်ဖို့ လက်ကျန်ပွဲစဉ် ၃ပွဲမှာ ရမှတ် ၁မှတ်ရဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။



ဖော်မြူလာဝမ်းပြိုင်ပွဲများတွင် ချန်ပီယံအဖြစ်ရပ်တည်နိုင်တဲ့သူကို ရမှတ် ၂၅မှတ်သတ်မှတ်ပေးလေ့ရှိပြီး လက် ကျန်ပြိုင်ပွဲ ၃ခုအတွက် ရမှတ် ၇၅မှတ်ကျော်ပိုင်ဆိုင်ထားမှ ချန်ပီယံအဖြစ် သတ်မှတ်နိုင်မှာဖြစ်တဲ့အတွက် ၇၄ မှတ်သာကွာဟနေတဲ့အတွက် ဟာမီလ်တန်အနေနဲ့ အခုလိုရမှတ်တစ်မှတ်ရဖို့လိုအပ်နေခဲ့တာပါ။

လက်ရှိအမှတ်ပေးဇယားမှာ ရမှတ် ၃၆၃ မှတ်နဲ့အတူ ဦးဆောင်နေတဲ့ ဟာမီလ်တန်အနေနဲ့ လိုအပ်နေတဲ့ရမှတ် သာရရှိခဲ့ပါက ကမ္ဘာ့ချန်ပီယံဆုကို ၃ကြိမ်ဆက်တိုက်ရရှိသူဖြစ်လာမှာဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၆ ကြိမ်မြောက် ချန်ပီယံဆုလည်းဖြစ်လာမှာပါ။

ဟာမီလ်တန်အနေနဲ့ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို အသင်းဟောင်းမက္ကလာရင်အသင်းတွင် ၂၀၀၈ခုနှစ် က တစ်ကြိမ်ရရှိခဲ့ဖူးသူဖြစ်ပြီး မာစီဒီးအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ၂၀၁၃နောက်ပိုင်းတွင် ချန်ပီယံဆု ၄ကြိမ်အ ထိရရှိခဲ့ကာ မှတ်တမ်းကောင်းအချို့ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။



က္က