မာစီးဒီးနဲ့ဟာမီလ်တန်တို့အကြား စာချုပ်မှာ ၂၀၂ဝအကုန်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

ဗြိတိန်ကားမောင်းသမားဟာမီလ်တန်အနေနဲ့ ကမ္ဘာ့ချန်ပီယံမိုက်ကယ်ရှုးမေကာရဲ့ ချန်ပီယံဆု ရကြိမ်ရ ရှိဖို့ ပစ်မှတ်ထားနေခဲ့တာလည်းဖြစ်ပါတယ်။

မာစီးဒီးအသင်းရဲ့ ကမ္ဘာ့ချန်ပီယံဖော်မြူလာဝမ်းကားမောင်းသမားဟာမီလ်တန်အနေနဲ့ အချိန်ကာလ တစ်ခုအတွင်း အနားယူရတော့မယ့်အခြေအနေကို သိရှိနားလည်ပြီးဖြစ်သလို အနားမယူခင်အတွင်း ရ ည်မှန်းချက်တစ်ခုဖြစ်တဲ့ ဖာရာရီအသင်းအတွက် ကိုယ်စားပြုကစားပေးဦးမှာဖြစ်တယ်လို့ အံအားသင့် ဖွယ်ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။

လက်ရှိိမှာ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ၆ကြိမ်အထိရရှိထားပြီးဖြစ်တဲ့ ဟာမီလ်တန်အနေနဲ့မာစီး ဒီးအသင်းနဲ့အကြားစာချုပ်သက်တမ်းမှာကုန်ဆုံးတော့မှာဖြစ်ပြီးရည်မှန်းချက်တစ်ခုဖြစ်တဲ့ဂျာမနီကား မောင်း သမား မိုက်ကယ်ရှုးမေကာရဲ့ ကမ္ဘာ့ချန်ပီယံဆု ရကြိမ်ရရှိတဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ဖို့အတွက် ပစ်မှတ် ထားအားစိုက်နေခဲ့သူလည်းဖြစ်ပါတယ်။



“ လက်ရှိမှာ စံချိန်တွေအတွက်တကယ်ကိုကျေနပ်မိပါတယ်။ အနားယူရမယ့် အချိန်လည်းမကြာမီရော က်ရှိလာတော့မှာပါ။ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုပေမယ့် တစ်ချိန်မှာတော့ ဖာရာရီအသင်းအတွက်ကို ယ်စားပြုချင်ပါသေးတယ် ” လို့ ဟာမီလ်တန်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

၂၀၁၄ခုနှစ်ကတည်းက မာစီးဒီးအတွက် ကမ္ဘာ့ချန်ပီယံဆုရယူပေးထားနိုင်ခဲ့တဲ့ ဟာမီလ်တန်အနေနဲ့ ၆ နှစ်တာကာလအတွင်း ကမ္ဘာ့ချန်ပီယံ ၅ကြိမ်ဖြစ်တဲ့အထိအောင်မြင်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကေ တာ့ လာမယ့် ၂၀၂၀ ရာသီကုန်မှာ ပြီးဆုံးမှာလည်းဖြစ်ပါတယ်။

အီတလီအခြေစိုက်ဖာရာရီအသင်းမှာ ဟာမီလ်တန်ရဲ့ မိသားစုအချို့အားပေးနေတဲ့အသင်းဖြစ်ပြီး လ က်ရှိမှာ ၂၀၀၇ ကမ္ဘာ့ချန်ပီယံရိန်ကိုနန်က အဓိက,ကားမောင်းသမားအဖြစ် ရှိနေခဲ့တာပါ။ ဆက်စပ်သ တင်းတွေအရတော့ ဟာမီလ်တန်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုအများစုရခဲ့တဲ့ မိုက်ကယ်ရှုးမေကာရဲ့အသ င်းဟောင်းဖာရာရီမှာလည်း ချန်ပီယံဆုရယူဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့လည်းသိရပါတယ်။



က္က