မိုက်တိုင်ဆန်ရဲ့ မက်ဂရီဂေါ်ကို ချီးကျူးခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

မက်ဂရီဂေါ်ဟာ ဘောက်ဆင်ကျွမ်းကျင်မှုအပိုင်းမှာလည်း ကောင်းမွန်တယ်လို့ နာမည်ကျော်ဟဲဗီးဝိတ်သမားဟောင်း မိုက်တိုင်ဆန်က ပြောဆိုခဲ့မှုကို ဂျက်ဖ်မေဝယ်သာက တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 


မေဝယ်သာရဲ့ဦးလေးဖြစ်သူ ဂျက်ဖ်မေဝယ်သာက သူ့ရဲ့တူဖြစ်သူဟာ မက်ဂရီဂေါ်ကို ကြိုးဝိုင်းအတွင်းမှာ သူကြိုက်တဲ့အချိန် အလဲထိုးနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မက်ဂရီဂေါ်ဟာ ဘောက်ဆင်ကျွမ်းကျင်မှုအပိုင်းမှာလည်း ကောင်းမွန်တယ်လို့ နာမည်ကျော်ဟဲဗီးဝိတ်သမားဟောင်း မိုက်တိုင်ဆန်က ပြောဆိုခဲ့မှုကို ဂျက်ဖ်မေဝယ်သာက တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

မိုက်တိုင်ဆန်က မက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀၀ အတွင်း ထင်ရှားခဲ့တဲ့ နာမည်ကျော်ဘောက်ဆင်သမားဟောင်းတွေရဲ့ အဆင့်အတန်းမျိုးနဲ့ သိပ်မကွာဟဘူးလို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မက်ဂရီဂေါ်ကို အနိုင်ယူထားခဲ့တဲ့ မေဝယ်သာက သူ ကြိုက်တဲ့အချိန်မှာ အလဲထိုးပစ်နိုင်တယ်လို့ ဦးလေးဖြစ်သူက ဝင်ရောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

IBO စူပါဖယ်တာဝိတ်တန်းချန်ပီယံဟောင်း ဂျက်ဖ်က "အရေးမပါတဲ့အရာမျိုးတွေကို သူ ပြောလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး၊ ဒါပေမယ့် သူက အဲဒီလိုပြောခဲ့ပါတယ်၊ ဒါပေမယ့် မက်ဂရီဂေါ်က အနိုင်ရအောင် လုပ်ပြနိုင်ခဲ့လို့လား၊ သူ ဘယ်လောက်များကောင်းအောင်လုပ်ပြနိုင်ခဲ့လို့လဲ၊ သူ အနိုင်ရအောင် လုပ်ပြခဲ့လား" လို့ သူ့ရဲ့ YouTube Channel ကနေ မေးခွန်းထုတ်သွားခဲ့ပါတယ်။ 

"သူ အလဲထိုးခံခဲ့ရတာပါ၊ ကျွန်တော့်အထင်တော့ ဖလွိုက်က သူ့ကို သူဆန္ဒရှိတဲ့ ဘယ်အချိန်မဆိုအလဲထိုးပစ်နိုင်ပါတယ်၊ အခြားဖိုက်တာတွေကလည်း သူ့ကို တစ်ချီ ဒါမှမဟုတ် နှစ်ချီအတွင်းမှာပဲ မှောက်သိပ်နိုင်ပါတယ်၊ သူ အနိုင်မရခဲ့တာတောင်မှ သူ့ကို လူတွေက ဘာလို့များယုံကြည်နေလဲဆိုတာ ကျွန်တော်မသိဘူး၊ ပြီးတော့ သူ တစ်ချီအတွင်းမှာပဲ အနိုင်ရမယ်လည်း ကျွန်တော်မထင်ပါဘူး" လို့ ဂျက်ဖ်က ပြောဆိုခဲ့ပါတယ်။ 

"မေဝယ်သာက အသက် ၆၅ နှစ်အရွယ်မှာ သူနဲ့ ထိုးသတ်မယ်ဆိုရင်တောင်မှ အနိုင်ရမယ်လို့ ကျွန်တော်ထင်တယ်၊ လက်တွေ့ကျကျပြောမယ်ဆိုရင် အသက် ၅ဝအရွယ်မှာ မေဝယ်သာက ထိုးသတ်ချင်တယ်ဆိုရင် သူ့ကိုအနိုင်ယူနိုင်ပါသေးတယ်" လို့လည်း ထပ်ပြောခဲ့ပါတယ်။ မေဝယ်သာနဲ့ မက်ဂရီဂေါ်တို့ကတော့ ၂၀၁၇ တုန်းက ထိုးသတ်ခဲ့တာဖြစ်ပြီး ၁ဝချီမြောက်မှာ မေဝယ်သာက အနိုင်ရရှိခဲ့ကာ ထိုးသတ်ကြေး ဒေါ်လာ ၂၇၅ သန်းရရှိခဲ့ကာ မက်ဂရီဂေါ်ကတော့ ဒေါ်လာ ၈၅သန်းရရှိခဲ့တယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က