တွစ်တာကနေတဆင့် အတည်ပြုကြေညာခဲ့တာပါ။
Win Kyaw Min

အိုင်ယာလန် MMA အကျော်အမော်တစ်ဦးဖြစ်သူ မက်ဂရီဂေါ်အနေနဲ့ ပြီးခဲ့တဲ့ ၄နှစ်တာကာလအတွင်း ၃ကြိမ်အ ထိအနားယူဖို့ ကြေညာခဲ့သူလည်းဖြစ်ပါတယ်။

UFC ရဲ့ MMA ကစားသမားတစ်ဦးဖြစ်သူ မက်ဂရီဂေါ်အနေနဲ့ လာမယ့်နှစ်များအတွင်း စိန်ခေါ်ပွဲများစွာရင်ဆိုင်ဖို့ ရှိနေခဲ့ပေမယ့် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း စတုထ္ထအကြိမ်အဖြစ် အံအားသင့်ဖွယ်ထုတ်ပြန် ကြေညာခဲ့မှုကို dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

လာမယ့်ဒီဇင်ဘာအတွင်း UFC ရဲ့မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ အန်ဒါဆန်ဆေးလ်ဗားကို ရင်ဆိုင်ဖို့ရှိ နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တဲ့ မက်ဂရီဂေါ်အနေနဲ့ ကစားသမားဘဝကနေအနားယူပြီဖြစ်ကြောင်း တရားဝင်တွစ်တာစာမျက်နှာကနေတဆင့် အတည်ပြုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။



“ MMA ကစားသမားအဖြစ်ကနေ အနားယူပြီဖြစ်တာကို အသိပေးကြေညာချင်ပါတယ်။ ကစားသမားအဖြစ်ရှိ နေစဉ်ကာလတွေအတွင်း ကူညီပေးခဲ့သူများကို ကျေးဇူးစကားလည်းဆိုချင်ပါတယ်။ မိသားစုအတွက်အချိန်ပို ပေးဖြစ်ပါတော့မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တာပါ။

ကစားသမားဘဝတစ်လျှောက် MMA ပွဲပေါင်း ၂၆ပွဲကစားခဲ့ရာမှာ ၂၂ပွဲနိုင် ၄ပွဲရှုံးရလဒ်ရရှိထားခဲ့တဲ့ မက်ဂရီဂေါ် အနေနဲ့ UFC လိုက်ဝိတ်ချန်ပီယံဆုအတွက် ရုရှား MMA သမားခါဘစ်ကို စိန်ခေါ်ထားပေမယ့် လက်ရှိအချိန်မှာ တော့ ပွဲစဉ်ဖြစ်မြောက်လာနိုင်ခြေအနည်းဆုံးဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

UFC သမိုင်းတစ်လျှောက် မတူညီတဲ့ ချန်ပီယံခါးပတ်နှစ်ခုကို ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကစားသမားဖြစ် သူ မက်ဂရီဂေါ်ရဲ့ အနားယူမှုသတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် UFC ဥက္ကဋ္ဌဒါနာဝှိုက်ကတော့ တစ်စုံတစ်ရာ အတည်ပြုထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသေးဘူးလို့လည်း သတင်းဖော်ပြမှုတွေအရလည်း သိရပါတယ်။


Author


က္က