ဗီရာကို အလဲထိုးပြီး အနိုင်ယူသွားခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကာကွယ်ပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံဗီရာကို အကောင်းဆုံးထိုးသတ်ပြီးတော့ လှလှပပအနိုင်ယူခဲ့ပါတယ်။


ONE Championship ပြိုင်ပွဲရဲ့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်လုပွဲအဖြစ် ဒီနေ့မှာ အောင်လအန်ဆန် နဲ့ စိန်ခေါ်သူ ဗီရာတို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ထိုးသတ်ခဲ့ကြပါတယ်။ ဟဲဗီးဝိတ်တန်းမှာ ပြိုင်ဘက်မရှိချန်ပီယံဖြစ်နေခဲ့တဲ့ ဗီရာက လိုက်ဟဲဗီးဝိတ်တန်းအတွက် အောင်လကို စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပြီး အောင်လအန်ဆန်က ကိုယ်အလေးချိန်တင်ခဲ့ရကာ ဗီရာကတော့ လျှော့ချခဲ့ရပါတယ်။


ဒီပွဲအပြီးမှာ ဗီရာက MMA ဖိုက်တာဘဝကနေ အနားယူတော့မှာဖြစ်သလို အောင်လအန်ဆန်ကလည်း လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကို စွန့်လွှတ်သွားမှာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ်ပဲ ရပ်တည်သွားဖို့ ကြိုတင်ကြေညာထားပြီးဖြစ်ပါတယ်။ ဒီအတွက် လိုက်ဟဲဗီးဝိတ်တန်းခါးပတ်လုပွဲမှာ ဘယ်သူက အောင်မြင်မှုနဲ့အဆုံးသတ်သွားမလဲဆိုတာကို ပရိသတ်တွေ စိတ်ဝင်စားခဲ့ပါတယ်။

ပထမတစ်ချီမှာတော့ အပြန်အလှန်ထိုးသတ်နိုင်မှုတွေနဲ့ တင်ခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ အမှားကို အခွင့်ကောင်းယူပြီး ဗီရာက တံတောင်ရိုက်ချက်တွေနဲ့ ထိုးသတ်ခဲ့ပြီး အောင်လအန်ဆန်ကလည်း တန်ပြန်ထိုးသတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗီရာက အတွေ့အကြုံရင့်ဖိုက်တာပီပီ အောင်လအန်ဆန်ကို Stand Fight အပိုင်းမှာ ကောင်းကောင်းယှဉ်နိုင်ခဲ့ပါတယ်။



ဗီရာအတွက် အားနည်းချက်ကတော့ သက်လုံပိုင်းဖြစ်ပြီး ပထမအချီပြီးခါနီးမှာပဲ မောစပြုလာခဲ့ပါတယ်။ ဒုတိယအချီမှာလည်း ဗီရာက အမှတ်ရနိုင်မယ့် ထိချက်တွေ ပိုမိုရရှိခဲ့ပေမယ့်လည်း သက်လုံပိုင်းအားနည်းလာခဲ့လို့ အောင်လအန်ဆန်အတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ်ရှိနေခဲ့ပြီး ပွဲကတော်တော်လေးအကြိတ်အနယ်ရှိလာခဲ့ပါတယ်။


ဒုတိယအချီပြီးခါနီးလေး အောင်လအန်ဆန်က ဖိထိုးလာလေဖြစ်ပြီး အောင်လက ဗီရာရဲ့ တံတောင်ရိုက်ချက်ကြောင့် နဖူးကွဲခဲ့ပေမယ့်လည်း ဗီရာလဲအကျမှာ တရစပ်ဖိထိုးနိုင်ခဲ့မှုကြောင့် ဒိုင်ပွဲရပ်နဲ့အတူ အလဲထိုးနိုင်ခဲ့ပြီး အောင်လအန်ဆန်အနိုင်ရရှိသွားခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ လိုက်ဟဲဗီးဝိတ်တန်းခါးပတ်ကာကွယ်ပွဲမှာ ဟဲဗီးဝိတ်ချန်ပီယံဗီရာကို အကောင်းဆုံးထိုးသတ်ပြီးတော့ လှလှပပအနိုင်ယူခဲ့ပါတယ်။



က္က