ဒီနေ့မနက်ပိုင်းက ကစားသမားရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
Ye Yint Htay

One Championship Middle Weight နဲ့ Light Heavy Weight ချန်ပီယံ မြန်မာနိုင်ငံဖွား MMA ဖိုက်တာ အောင်လအန်ဆန် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။

Photo: Aung La Nsang

ဒီနေ့မနက်ပိုင်းမှာ ကာယကံရှင်က သူ့ရဲ့Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့တာဖြစ်ပြီး တနင်္လာနေ့က ဆေးစစ်ချက်အဖြေပြန်လည်ရရှိခဲ့ရာမှာ Positive ဖြစ်ခဲ့တယ်လို့ အောင်လအန်ဆန်ကဆိုပါတယ်။ ရောဂါကူးစက်ခံထားရချိန် ပထမနှစ်ရက်တာအတွင်းမှာ ဖျားနာတာ၊ မောပန်းတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ချောင်းဆိုးတာတွေခံစားခဲ့ရတယ်လို့ သိရပါတယ်။ အောင်လအန်ဆန်က သူနဲ့သူ့မိသားစုအနေနဲ့ ၁၄ရက်ကွာရန်တင်းဝင်နေပြီး ဒီအခြေအနေကို အကောင်းဆုံးကျော်ဖြတ်မယ်လို့ ရေးသားဖော်ပြထားပါတယ်။ 


အောင်လအန်ဆန်တို့မိသားစုဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘော်လ်တီမိုးလ်မြို့မှာနေထိုင်နေတာဖြစ်ပြီး သူတို့နေထိုင်တဲ့ မေရီလန်းပြည်နယ်မှာ ကိုဗစ်-၁၉အတည်ပြုလူနာ ခုနှစ်သောင်းနီးပါးရှိပြီး သေဆုံးထားသူ သုံးထောင်ကျော်ရှိတယ်လို့ အချက်အလက်တွေအရသိရပါတယ်။ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ရောဂါပိုးအများဆုံးကူးစက်ခံထားရတဲ့နိုင်ငံဖြစ်ပြီး ဇူလိုင် ၃ရက်နေ့မနက်ပိုင်းအထိစာရင်းအရ အတည်ပြုလူနာ ၂သန်း၇သိန်းကျော်ရှိကာ သေဆုံးသူ တစ်သိန်းသုံးသောင်းကျော်အထိရှိနေပါတယ်။ 

Photo: Aung La Nsang

အောင်လအန်ဆန်ဟာ MMA အားကစားလောကကို ၂၀၀၅ခုနှစ်မှာစတင်ဝင်ရောက်လာပြီး One Championship နဲ့လက်တွဲပြီးနောက် One Middle Weight World Championship ချန်ပီယံနဲ့ One Light Heavy Weight World Championship ချန်ပီယံဘွဲ့တွေရယူထားနိုင်ပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်မှာ One Championship ရဲ့နိုင်ငံတကာအကောင်းဆုံးဖိုက်တာဆုကိုလည်း ရရှိထားပါတယ်။ One Championship မှတ်တမ်းအရ အောင်လအန်ဆန်ဟာ ပရော်ဖက်ရှင်နယ်သက်တမ်းတလျှောက် ၃၇ပွဲကစားထားရမှာ ၂၆ပွဲနိုင်၊ ၁၀ပွဲရှုံးထားတယ်လို့သိရပါတယ်။ 


Author


က္က