loading...

loading...

loading...

ပြိုင်ဘက်ကစားသမားကိုတော ့မသိရသေးပါဘူး။
Pyae Phyo Thein

အောင်လအန်ဆန်ကတော့ ချန်ပီယံခါးပတ်ကာကွယ်ဖို့အတွက် သဘောတူညီခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဆက်လက်ပြီးစောင့်မျှော်နေရမှာဖြစ်ပါတယ်။ 


ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံအောင်လအန်ဆန်ကတော့ သူ့ရဲ့ ချန်ပီယံကာကွယ်ပွဲကို ထိုးသတ်ဖို့အတွက် သဘောတူစာချုပ်ကို ချုပ်ဆိုသွားခဲ့ပြီဖြစ်ပါတယ်။ အောင်လအန်ဆန်က သူ့ရဲ့ တရားဝင်ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပြီး ထိုးသတ်မယ့် ပြိုင်ဘက်နဲ့ ထိုးသတ်မယ့်အချိန်၊ နေရာတို့ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိတာကို တွေ့ရပါတယ်။

မူလက အောင်လအန်ဆန်နဲ့ ထိုးသတ်ဖို့အတွက် နယ်သာလန်ဖိုက်တာရီနီယာလို့ သိခဲ့ရပေမယ့် လက်ရှိမှာတော့ ရီနီယာက ဒဏ်ရာရရှိနေတယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ပြိုင်ဘက်အပြောင်းအလဲရှိနိုင်တယ်လို့ သိရပြီး ဘယ်ဖိုက်တာနဲ့ ထိုးသတ်ရမလဲဆိုတာကိုတော့ ONE Championship ကလည်း တရားဝင်ဖော်ပြထားတာမျိုးမရှိသေးပါဘူး။ အောင်လအန်ဆန်ကတော့ ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ လူမှုကွန်ရက်ကနေ ကတိစကားဆိုခဲ့ပါတယ်။ 

ဂျာကာတာမှာ ကျင်းပခဲ့တဲ့ ONE Championship: Warrior's Code ပြိုင်ပွဲမှာ ဘရာဇီးလ်သားလီအန်ဒရိုကို အနိုင်ရရှိခဲ့ပြီးနောက် အောင်လအန်ဆန်ကို စိန်ခေါ်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲအပြီးမှာ ရီနီယာကလည်း ကြိုးဝိုင်းအတွင်းကနေ အောင်လအန်ဆန်ကို စိန်ခေါ်စကားဆိုထားခဲ့ပြီး အောင်လအန်ဆန်ကလည်း ဂုဏ်ပြုစကားပြောဆိုကာ မကြာခင်ရင်ဆိုင်ရဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် လက်ရှိမှာတော့ ရီနီယာက ဒဏ်ရာရရှိနေပြီး ထိုးသတ်ဖို့အတွက် အဆင်မပြေဖြစ်နေတဲ ့အနေအထားမှာရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အောင်လအန်ဆန်ကတော့ ချန်ပီယံခါးပတ်ကာကွယ်ဖို့အတွက် သဘောတူညီခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဆက်လက်ပြီးစောင့်မျှော်နေရမှာဖြစ်ပါတယ်။ 


loading...

က္က