အောက်တိုဘာ ၁၃ ရက်နေ့က ဂျပန်မှာ ထိုးသတ်ခဲ့ကြတာပါ။

လက်ခွဲစိတ်မှုကိုတော့ အသေးစားပြုလုပ်ခဲ့ရတာလို့သိရပြီး လက်မ အရိုးလွဲသွားတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ဂျပန်မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကာကွယ်ပွဲမှာ ရရှိခဲ့တဲ့ လက်မ အရိုးလွဲသွားတဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုစာမျက်နှာထက်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

“ ကျွန်တော့်👍လက်မအရိုးနေရာလွှဲသွားတဲ့အတွက်အသေးစားခွဲစိတ်မှုလေးလုပ်ပြီးကုသမှုခံယူခဲ့ပါတယ်..

ဂရုတစိုက်ကုသပေးတဲ့ Dr.Reevesကိုအထူးကျေးဇူးတင်ပါတယ်..” လို့ အောင်လအန်ဆန်က ရေးသားဖော်ပြ လာခဲ့ပါတယ်။

အောင်လအန်ဆန်ကတော့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကာကွယ်ပွဲမှာ ဖိလစ်ပိုင်က ဘရန်ဒန်ဗီရာကို ၂ချီထဲနဲ့ အလဲ ထိုးအနိုင်ရခဲ့ပေမယ့် နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာကို်ယ်စီ ရရှိခဲ့ကြတာပါ။

ဒဏ်ရာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ အမေရိကန်မှာရှိတဲ့ကရင်နီလူငယ်လေးတွေက လာရောက် အားပေးစကားပြောခဲ့တယ်လို့လည်းသိရပါတယ်။

“ ကျွန်တော်လက်မကိုအသေးစားခွဲစိတ်မှုကောင်းမွန်စွာအောင်အောင်မြင်မြင်ပြုလုပ်ပြီးတဲ့အချိန်မှာ.

မြန်မာနိုင်ငံ၊ကယားပြည်နယ်က.ကရင်နီလူငယ်လေးတွေက"အမြန်နေကောင်းပါစေ"ဆိုတဲ့လက်နဲ့ရေးထားတဲ့ကဒ်ပြားလေးတွေယူဆောင်လာပြီးသတင်းလာမေးတွေ့ဆုံကြတဲ့အတွက်..ကျွန်တော့်အတွက်တော့ကောင်းမွန်တဲ့နေ့ရက်လေးတရက်ဖြစ်စေပါတယ်..SiouxFalls,ဒါကိုတာတောင်ပိုင်း@sanfordhealth @sanfordmmaမှာမြန်မာနိုင်ငံသားတွေနေထိုင်ကြမယ်လို့အရင်ကကျွန်တော်မသိခဲ့ပါဘူူး..တွေ့ဆုံရတဲ့အတွက်ဝမ်းသာပါတယ်.."”လို့ အောင်လအန်ဆန်က ရေးသားဖော်ပြထားပါသေးတယ်။

အောင်လအန်ဆန်ကတော့ လက်ရှိမှာ One Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့လိုက်ဟဲဗီးဝိတ် ရွှေခါးပတ် ၂ ခုပိုင်ရှင်အဖြစ် ရပ်တည်လျက်ရှိပါတယ်။



က္က