အနောက်နိုင်ငံအချို့မှ့ာတော့ နံပါတ် ၁၃ကို ကံမကောင်းတဲ့ နံပါတ်လို့ ယူဆလေ့ရှိကြပါတယ်။

အခုလိုမျိုး ပြိုင်ပွဲတစ်ခုကို နံပါတ်စဥ်ကျော်ပြီး ကျင်းပတာဟာ လက်ဝှေ့သမိုင်းမှာ မရှိသလောက်ရှားပါးခဲ့ပြီး ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုလို့လည်း ဆိုရမှာပါ။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကို ကျင်းပလျက်ရှိရာမှာ ပွဲစဥ် ၁၂အထိ ကျင်းပခဲ့ပြီ ဖြစ်ပြီး ယခုတစ်ခါ ပွဲစဥ် ၁၃မြောက် ကျင်းပမယ့် ပြိုင်ပွဲကိုတော့ ပွဲစဥ် ၁၄အဖြစ် ခေါင်းစဥ် ပြောင်းလဲ ကျင်းပလာပါတယ်။



ပွဲစဥ် ၁၃အစား ပွဲစဥ် ၁၄ဖြစ်နေရခြင်းနဲ့ ပတ်သက်ပြီး Duwun Sportsက မေးမြန်းကြည့်ရာမှာတော့ ပြိုင်ပွဲကျင်းပ ရေးအနေနဲ့ နံပါတ်စဥ် ၁၃ကို မကြိုက်လို့ ပွဲစဥ် ၁၄အဖြစ် အမည်ပေးပြီး ကျင်းပဖြစ်တာလို့ မီဒီယာတာဝန်ခံ ကိုညီ မင်းဟန်က ပြောပါတယ်။

“ကျွန်တော်တို့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်အနေနဲ့ နံပါတ် ၁၃ကို မကြိုက်တဲ့အတွက် ယခုတစ်ခေါက်ပွဲစဥ်ကို ပွဲစဥ် ၁၄အဖြစ် နံပါတ်စဥ် ကျော်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။အခြားအကြောင်းအရာတော့ ထွေထွေထူးထူးမရှိပါဘူး။”လို့ ကိုညီမင်းဟန်က ဆိုပါတယ်။

နံပါတ် ၁၃ကတော့ အနောက်နိုင်ငံ အတော်များများမှာ ကံမကောင်းတဲ့ နံပါတ်အဖြစ် သတ်မှတ်လေ့ရှိတယ်လို့ လည်း သိရပါတယ်။

ယခု ကျင်းပမယ့် ၁၄ကြိမ်မြောက် WLC ပြိုင်ပွဲကိုတော့ Lethwei Showcase လို့ အမည်မေးထားပြီး ခေါင်ပွဲအဖြစ် လိုက်ဝဲလ်တာဝိတ်တန်း ခါးပတ်ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အန်တိုနီယိုဖာရဲရားနဲ့ စိန်ခေါ်သူ စပိန်ဖိုက်တာ ဖရန်စ္စကိုမီညာလက်စ်တို့ရဲ့ ပွဲဖြစ်ပါတယ်။

ပြိုင်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ CCTV ကင်မရာများဖြင့် အဝေးကနေ ထိန်းချုပ်ပြီး ပြိုင်ပွဲကို ကြီးမှူးကျင်းပမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့ပြီး ကိုဗစ်ကာလဖြစ်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားလို့ မရတဲ့အချိန်မှာ အွန်လိုင်းမှတဆင့် စီစီတီဗွီကင်မရာများဖြင့် ဆက်သွယ်ပြီး ကြီးမှူး ကျင်းပခဲ့ကြ တာပါ။

ယခုပြိုင်ပွဲကိုတော့ စက်တင်ဘာလ ၂၅မှာ ကျင်းပမှာ ဖြစ်ပြီး စုစုပေါင်းတွဲဆိုင်း ၇ဆိုင်းပါဝင်မယ်လို့ကနဦး သိထား တာကလွဲရင် ကျန်တွဲဆိုင်းများ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က