ONE: Inside The Matrix ရဲ့ ခေါင်ပွဲအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
Pyae Phyo Thein

အောင်လအန်ဆန်ကတော့ Duwun Sports နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြိုင်ဘက်ဖိုက်တာကို အကောင်းဆုံးပုံစံနဲ့ ထိုးသတ်သွားမယ်လို့ ပြောဆိုထားခဲ့ဖူးပြီး အနိုင်ရမယ်လို့လည်း ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဖွင့်ဟထားခဲ့ပါတယ်။ 


ONE Championship ရဲ့ CEO ချက်ထရီရဲ့ Facebook စာမျက်နှာမှာဖော်ပြထားချက်အရ အောင်လအန်ဆန်ဟာ လာမယ့်အောက်တိုဘာလ ၃၀ ရက်နေ့မှာ သူ့ရဲ့မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ပွဲကို ထိုးသတ်သွားရမယ်လို့ သိရပါတယ်။ စိန်ခေါ်သူ ရေနီယာဒီရစ်ဒါနဲ့ ထိုးသတ်သွားရမှာဖြစ်ပြီး ONE: Inside The Matrix ပွဲစဉ်ကြီးမှာ အောင်လအန်ဆန်ရဲ့ တွဲဆိုင်းက ပါဝင်လာခဲ့တာဖြစ်ပါတယ်။ 

မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်တဲ့ အောင်လအန်ဆန်ဟာ လက်ရှိမှာတော့ မစ်ဒယ်ဝိတ်တန်းတစ်ခုတည်းကိုသာ ထိုးသတ်သွားတော့မှာဖြစ်ပါတယ်။ လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို စွန့်လွှတ်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့ မစ်ဒယ်ဝိတ်ခါးပတ်ကာကွယ်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခုအခါကျမှသာ ပြန်လည်ထိုးသတ်ရမှာဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ဇူလိုင်လအတွင်းက ကိုရိုနာဗိုငး်ရပ်စ်ကူးစက်ခံခဲ့ရပေမယ့် အလျင်အမြန်ပဲသက်သာပျောက်ကင်းခဲ့သူလည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပျောက်ကင်းခဲ့ပြီးနောက်မှာ လေ့ကျင့်မှုတွေကို အဆက်မပြတ်ပြုလုပ်နေခဲ့ပြီး ချန်ပီယံကာကွယ်ပွဲအတွက် ပြင်ဆင်မှုတွေကို အရှိန်ကောင်းကောင်းနဲ့ ပြုလုပ်ထားခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရချိန်အတွင်း Duwun Sports နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးမှာ ပြိုင်ဘက်ကို အကောင်းဆုံးပုံစံနဲ့ ထိုးသတ်သွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ 

အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့် ဒီရစ်ဒါကတော့ နယ်သာလန်နိုင်ငံသားဖြစ်ပြီး ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်ါပတယ်။ ဘရာဇီးလ်ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ လီအန်ဒရိုအက်တိုင်ဒက်စ်ကို ဖေဖော်ဝါရီလအတွင်းက အနိုင်ယူခဲ့ပြီးနောက် အောင်လအန်ဆန်နဲ့ ထိုးသတ်ခွင့်ရရှိခဲ့ကာဖြစ်ပါတယ်။ အသက်ငါးနှစ်အရွယ်ကတည်းက ဂျူဒိုသင်ကြားခဲ့သူလို့သိရပြီး ဂျူဂျစ်ဆုကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသူလို့ သိရပါတယ်။ 

အောင်လအန်ဆန်ရဲ့ တွဲဆိုင်းကတော့ Main Event ဖြစ်ပြီး အခြားသော ခါးပတ်ပွဲ ၃ပွဲလည်း ပါဝင်မယ်လို့ သိရပါတယ်။ လိုက်ဝိတ်တန်းပွဲစဉ်အဖြစ် Christian Lee နဲ့ Lapicus ၊ ဖယ်သာဝိတ်တန်းပွဲစဉ်အဖြစ် Martin Nguyen နဲ့ Thanh Le ၊ နောက်ဆုံးတစ်ပွဲအဖြစ်ကတော့ အမျိုးသမီးတွဲဆိုင်းဖြစ်ပြီး စထရောဝိတ်တန်းခါးပတ်ပွဲအဖြစ် Tiffany Teo က Xiogn Jing Nan ကို စိန်ခေါ်ထိုးသတ်သွားရမှာပဲဖြစ်ပါတယ်။ 



Author


က္က