အောက်တိုဘာ ၃ဝရက်၊ သောကြာနေ့မှာထိုးသတ်ကြတော့မှာပါ။

အသက် ၃၀ အရွယ်သာရှိသေးတဲ့ နယ်သာလန်ဖိုက်တာဟာ ဂျူဒိုခါးပတ်နက်အဆင့်ရရှိထားပြီး ဘရာဇီးလ်ဂျူဂျစ်ဆုကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသူဖြစ်ပါတယ်။


အောက်တိုဘာလ ၃၀ ရက်နေ့၊ စင်ကာပူမှာထိုးသတ်မယ့် မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံအောင်လအန်ဆန်နဲ့ပွဲမတို်င်ခင်မှာ စိန်ခေါ်သူ ဒီရစ်ဒါရဲ့ ပြောစကားတွေကြောင့် သူတို့တွဲဆိုင်းက ပိုပြီးအရှိန်တက်လာခဲ့ပြီဖြစ်ပါတယ်။ ရှုံးပွဲလုံးဝမရှိသေးဘဲ ၁၂ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ဒီရစ်ဒါ နဲ့ ၀ိတ်တန်းနှစ်ခုချန်ပီယံအောင်လအန်ဆန်တို့က ONE: INSIDE THE MATRIX မှာ အဓိကတွဲဆိုင်းအဖြစ်နဲ့ ထိုးသတ်ကြတော့မှာပါ။ 



"ဒီလိုပွဲကို ထိုးသတ်နိုင်ဖို့ ကျွန်တော့်ဘဝတစ်လျှောက်လုံး လုပ်ခဲ့ရတာပါ၊ အသက် ၅ နှစ်အရွယ်ကတည်းက ကြမ်းပြင် (ထိုးသတ်တဲ့နေရာကြမ်းပြင်ကိုဆိုလို) ပေါ်မှာ ကျွန်တော်ရှိနေခဲ့တာပါ၊ အခုချိန်ကတော့ ကျွန်တော်သရဖူဆောင်းရတော့မယ့် အချိန်ပါပဲ" လို့ ဒီရစ်ဒါက ONE Championship နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

အသက် ၃၀ အရွယ်သာရှိသေးတဲ့ နယ်သာလန်ဖိုက်တာဟာ ဂျူဒိုခါးပတ်နက်အဆင့်ရရှိထားပြီး ဘရာဇီးလ်ဂျူဂျစ်ဆုကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ MMA လောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ၁၂ပွဲထိုးသတ်ထားရာမှာ ပွဲတိုင်းကိုအနိုင်ရရှိထားခဲ့ပြီး အောင်လအန်ဆန်နဲ့ ထိုးသတ်မယ့်ပွဲက သူ့အတွက် အကြီးမားဆုံစမ်းသပ်မှုနဲ့ စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ 

"အောင်လအန်ဆန်မှာ ထူးခြားကောင်းမွန်တဲ့ ညာလက်သီးထိုးချက်တွေ၊ ညာခြေကန်ချက်တွေရှိပါတယ်၊ သူက အလှည့်အပြောင်းလည်း ပြုလုပ်နိုင်စွမ်းရှိပြီး ဒတ်ချ်ကစ်ဘောင်ဆင်ပုံစံနဲ့လည်း ထိုးသတ်နိုင်ပါတယ်၊ လက်သီးပါ၀ါပြင်းပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်သူဖြစ်လို့ သူ့ဆီမှာ အရည်အသွေးအားလုံးအကုန်ရှိနေတာပါ၊ ပြီးတော့ သူက နပမ်းကောင်းကောင်းတတ်သူဆိုတာကို မေ့ထားလို့လည်းမရပါဘူး၊ ground ပိုင်း ကောင်းမွန်ပြီး တကယ့်ဖိုက်တာကောင်းပါ"


"သူ့ကို ကျွန်တော် ကြမ်းပြင်ပေါ်လှဲချပြီးတော့ မလှုပ်နိုင်အောင် ချုပ်သွားမှာပါ၊ သူက ရင်ဆိုင်ရအရမ်းခက်သူလည်းဖြစ်ပါတယ်၊ သူ့ကို အလဲထိုးဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ ဒါပေမယ့် လူတိုင်းမှာ လည်ပင်းတစ်ခုတော့ ရှိတာပါပဲ၊ ဘယ်လိုနေရာမျိုးဖြစ်ဖြစ် လည်ပင်းကို မရရအောင် ကျွန်တော်ချုပ်နိုင်ပါတယ်" လို့ ဒီရစ်ဒါက ထပ်ပြောသွားခဲ့ပါတယ်။ 

မြန်မာပရိသတ်တွေရဲ့ သည်းခြေကြိုက်ဖိုက်တာအောင်လအန်ဆန်ကတော့ ၇ ပွဲဆက်တိုက်အနိုင်ရရှိထားပြီး မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ သူအနိုင်ရရှိခဲ့တဲ့သူတွေထဲမှာ မွေထိုင်းချန်ပီယံလေးကြိမ် နဲ့ ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံ အလိန်းဂါလာနီ၊ ဟဲဗီးဝိတ်တန်းကနေ လိုက်ဟဲဗီးဝိတ်တန်းကို ဆင်းထိုးခဲ့တဲ့ ဘရန်ဒန်ဗီရာတို့ ပါဝင်ခဲ့ပြီး ၂၀၁၉ မတ်လအတွင်းမှာ ဂျပန်ဖိုက်တာ ကမ်ဟဆဲဂါဝကို အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ကာကွယ်ခဲ့ပြီး လက်ရှိအချိန်ထိ ၃ ကြိမ်ဆက်တိုက် ကာကွယ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က