ခါဘစ်ကတော့ ကစားသမားဘဝက အနားယူပြီလို့ ရုတ်တရက် ကြေညာလိုက်တာပါ။
Kyaw Ko Ko Sint

ကမ္ဘာကျော် UFC ဖိုက်တာ ခါဘစ်ကတော့ ရှုံးပွဲမရှိ စံချိန်နဲ့ MMA  ကစားသမားဘဝကို အနားယူသွားပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ရုတ်တရက် အနားယူပြီဆိုတဲ့ သတင်းကြောင့် အဓိက ပြိုင်ဖက်ဖြစ်သူ မက်ဂရီဂေါ ကိုယ်တိုင် အံ့အားသင့်ခဲ့ရ ပြီး တွစ်တာကတဆင့် ခါဘစ်အတွက် ဂုဏ်ပြု နှုတ်ဆက်စာ ရေးသားဖော်ပြလာခဲ့ပါတယ်။

“မင်းအပေါ်မှာထားတဲ့ လေးစားမှုနဲ့ မင်းအဖေအတွက် စိတ်မကောင်းဖြစ်ရမှုတွေကို ငါအမြဲတမ်း အမှတ်တရ ရှိနေ မှာပါ။”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

ခါဘစ်ရဲ့ ဖခင်ကတော့ သူ့ကို အနီးကပ် လေ့ကျင့်ပေးသူဖြစ်ပြီး ယှဥ်ပြိုင်ထိုးသတ်တဲ့ ပွဲတိုင်း အမြဲတမ်း လိုက်ပါ ပေးခဲ့သူပါ။

ယခုနောက်ဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာတော့ ဖခင်ဖြစ်သူဟာ မေလတုန်းက ကွယ်လွန်သွားလို့ မလိုက်ပါနိုင်တော့ပဲ ဖခင်မရှိတဲ့ ပထမဆုံးပွဲနဲ့ နောက်ဆုံးပွဲကို ခါဘစ် ထိုးသတ်ခဲ့ရပါတယ်။

ခါဘစ်ဟာ ကိုယ်ခံပညာ လောကမှာသာမက ကမ္ဘာ့ အားကစားလောကမှာပါ လေးစားမှု ခံထားရသူ ပီပီ ဘောလုံး လောကရဲ့ အထင်ကရ ကစားသမားတစ်ဦးလို့ဆိုရမယ့် စီရော်နယ်ဒိုဆီကနေလည်း လေးစားမှုပြသတဲ့ စာတစ် စောင်ရရှိခဲ့ပါသေးတယ်။

“ဂုဏ်ယူပါတယ် ညီကို၊မင်းရဲ့အဖေက ဂုဏ်ယူနေမှာပါ။”လို့ တွစ်တာကတဆင့် ရေးသားခဲ့သလို အခြား ကစားသ မားတစ်ဦးဖြစ်သူ အင်္ဂလန် လက်ရွေးစင်ဟောင်း စတားရစ်ချ်ကလည်း - “ ပျော်ရွှင်စရာ အနားယူတဲ့ နေ့တစ်နေ့ ဖြစ်ပါစေ။အနာဂတ်မှာ ကံကောင်းမှုတွေ ဆောင်ကြဥ်းနိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။”လို့ ဆန္ဒပြုခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က