အောက်တိုဘာ ၃၀မှာ ကျင်းပသွားမှာပါ။
Kyaw Ko Ko Sint

မူလ ပရိသတ် ၁၂၀၀၀ ဝင်ဆံ့တဲ့ မိုးလုံလေလုံ အားကစားကွင်းကြီးအတွင်းကို ကိုဗစ်ကာလ ဖြစ်လို့ ပရိသတ် ၂၅၀သာ ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာ ဖြစ်သလို ကြည့်ရှုခွင့်ရမယ့် ပရိသတ် ၂၅၀ဦးဟာလည်း ရုံအတွင်းသို့ မဝင်ခင် ကိုဗစ် အမြန်စစ် ကိရိယာနှင့် စစ်ဆေးခံပြီး ကိုဗစ်မရှိမှ ဝင်ခွင့်ရမှာလို့လည်း သိထားရပါတယ်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်ပွဲ ပါဝင်မယ့် ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲကို လာမယ့် အောက်တိုဘာ ၃၀မှာ စင်ကာပူ နိုင်ငံ၌ ကျင်းပသွားမှာပါ။

ကိုဗစ်ကာလအတွင်း ဖြစ်ပေမယ့်လည်း အဆိုပါ ပွဲကိုတော့ စင်ကာပူ အစိုးရရဲ့ ခွင့်ပြုချက်နဲ့အညီ ပရိသတ် ၂၅၀ ဦး ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဥ်ထားတယ်လို့ စင်ကာပူ သတင်းဌာန THESTRAITSTIMES သတင်း ဌာနရဲ့ ဖော် ပြချက်အရ သိရပါတယ်။

ပရိသတ် ၁၂၀၀၀ ထိ ဝင်ဆံ့တဲ့ စင်ကာပူနိုင်ငံရဲ့ အမျိုးသား မိုးလုံလေလုံ အားကစားကွင်းအတွင်းမှာ ပရိသတ် ၂၅၀ ကိုသာ သီးသန့် ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာ ဖြစ်ပြီး ယခုပြိုင်ပွဲဟာ စင်ကာပူနိုင်ငံရဲ့ ကိုဗစ်ကာလအတွင်း ပထမ ဆုံး ပရိသတ်နဲ့ ပြန်လည်ကျင်းပမယ့် အခမ်းအနားလည်း ဖြစ်လာမယ်လို့ သိရပါတယ်။

ဝင်ရောက်ကြည့်ရှုခွင့်ရမယ့် ပရိသတ် ၂၅၀ဦးကိုတော့ ပွဲနေ့မှာပဲ ကိုဗစ်ရောဂါပိုး အမြန်စစ် ကိရိယာများဖြင့် စမ်း သပ်ကာ ဝင်ရောက်ကြည့်ခွင့်ပြုမှာလို့လည်း သိရပါသေးတယ်။

စင်ကာပူ အစိုးရအနေနဲ့ကတော့ အောက်တိုဘာ လလယ်ကစပြီး ဒီဇင်ဘာအထိ အကြီးစား အခမ်းအနားများကို ခွင့်ပြုချက်နဲ့အညီ လုပ်ဆောင်နိုင်အောင် စိစစ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ပေးထားပြီး အဓိကကတော့ စီး ပွားရေးဆိုင်ရာ အခမ်းအနားများ၊မင်္ဂလာဆောင်အခမ်းအနားများ၊တိုက်ရိုက်ပြသမယ့် အခမ်းအနားနဲ့ အားကစား အခမ်းအနားများ၊ပါဝင်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်နုတ်ဖော်ပြထားတယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ကိုဗစ်ပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှ စတင်ကာ အခမ်းအနားတွေကို ပရိသတ် ဝင်ရောက်ခွင့်မပြုတော့ပဲ တံခါးပိတ် ကျင်းပစေခဲ့ရာမှ ယခု အောက်တိုဘာ ၃၀မှာကျင်းပမယ့် ဝမ်းချန်ပီယံရှစ် ပြိုင်ပွဲကတော့ ပထမဆုံးအကြိမ် ကိုဗစ်ကာလအတွင်း ပရိသတ် ခွင့်ပြုပေးမယ့် အခမ်းအနား ဖြစ်လာမယ်လို့လည်း သိရပါတယ်။

အဆိုပါ ပွဲမှာတော့ အောင်လအန်ဆန်က အဓိက ခေါင်ပွဲအဖြစ် နယ်သာလန်ဖိုက်တာ ဒီရိုက်ဒါရဲ့ မစ်ဒယ်ဝိတ်ခါး ပတ် စိန်ခေါ်မှုကို လက်ခံ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ ၂၀၁၇ ဇွန်မှ ၂၀၂၀ အထိ ၃နှစ်အတွင်း ၇ပွဲဆက် နိုင်ပွဲရရှိထားပြီး မစ်ဒယ်ဝိတ်နှင့် လိုက် ဟဲဗီးဝိတ် ခါးပတ်နှစ်ခုကို ပိုင်ဆိုင်ထားပါတယ်။


Author


က္က