ယနေ့ညမှာတော့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်ပွဲ ထိုးသတ်ဖို့ ရှိနေပါတယ်။

အောင်လအန်ဆန်ရဲ့ ပွဲတွေကို ကြည့်ရှုပြီး အပျော်လွန်ကာ အသက်ဆုံးရှုံးခဲ့တဲ့ သူအချို့လည်း ရှိခဲ့ဖူးပါတယ်။ ယနေ့မှာတော့ အောင်လက စင်ကာကတဆင့်မြန်မာနိုင်ငံက ပြည်သူအားလုံးကို သတိပေးစကား ဆိုလိုက်တာပါ။

အောင်လအန်ဆန်က ယနေ့ညမှာ နယ်သာလန်ဖိုက်တာ ဒီရိုက်ဒါနဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပေမယ့် သူ့ရဲ့ လေ့ ကျင့်ချိန်ထဲက ဖဲ့ပြီး ပရိသတ်တွေအတွက် အထူး စကားအချို့ကို အချိန်ပေး ပြောကြားလာပါတယ်။



ဒီရိုက်ဒါက အောင်လအန်ဆန်ဆီက မစ်ဒယ်ဝိတ်ခါးပတ်ကို စိန်ခေါ်လာတာ ဖြစ်ပြီး ပွဲမတိုင်ခင်တုန်းကလည်း အောင်လအန်ဆန်က ကိုဗစ် ဖြစ်ထားပြီးမှ ပြန်ပျောက်ထားတာပါ။

ဒါကြောင့် ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး DuwunSportsက ဆက်သွယ်မေးမြန်းထားရာမှာတော့ လွန် ခဲ့တဲ့ ၅နှစ်ကထက်ကိုတောင် ပိုကောင်းနေသေးတယ်လို့ ဆိုပါတယ်။

ယခုအခါမှာလည်း ပွဲထိုးဖို့ နာရီပိုင်းလောက်သာ လိုတော့ချိန်မှာ မြန်မာနိုင်ငံက ပရိသတ်တွေကို ကျန်းမာရေးနှင့် ပတ်သက်ပြီး အထူးဂရုပြုဖို့ အောင်လအန်ဆန်က မှာကြားလိုက်ပါတယ်။

“အားလုံးပဲ မင်္ဂလာပါ၊ကျွန်တော်အတွက်ဆိုရင် မြန်မာပရိသတ်တွေက အကောင်းဆုံးပါပဲ၊မြန်မာပရိသတ်တွေ လောက် အားသန်တဲ့ ပရိသတ်တွေဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ဒီပွဲအတွက်ဆိုပြီး ပြင်ဆင်မှုကလည်း အရမ်း ကောင်းတယ်၊မြန်မာပရိသတ်တွေကြောင့် ကျွန်တော် အားအရမ်းရတယ်။အွန်လိုင်းကနေ အားပေးတဲ့ ပရိသတ် တွေကို အရမ်းကျေးဇူးတင်ပါတယ်၊အခုလိုမျိုး အချိန်မှာ မြန်မာပရိသတ်တွေ ကျွန်တော်နဲ့ အတူရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။ကိုဗစ်ကာလမှာစိတ်တင်းတင်းထားပါ၊ကျန်းမာရေးကို ဂရုစိုက်ပါ၊ကောင်းကောင်းအိပ်၊ကောင်း ကောင်းစားပါ၊အပြင်သွားရင်းလည်း နှာခေါင်းစည်းတပ်ပါ။အားလုံးကို အရမ်းချစ်တယ် မကြာမီ အားလုံးနဲ့ ပြန်ဆုံ ချင်ပါတယ်။”လို့ အောင်လအန်ဆန်က အွန်လိုင်းကတဆင့် ထုတ်ဖော်ပြောလာခဲ့တာပါ။

မြန်မာပရိသတ်တွေဟာ အောင်လအန်ဆန်ကို အင်မတန်မှ ချစ်ခင်လေးစားကြပြီး နိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ပေးနေ သူအဖြစ် လေးစားတန်ဖိုးထားကြပါတယ်။

အောင်လအန်ဆန်ရဲ့ပွဲတွေကို ကြည့်ရှု အားပေးရင်း အပျော်လွန်ပြီး အသက်ဆုံးရှုံးခဲ့သူတွေလည်း ရှိတဲ့အတွက် အခုလို ကိုဗစ်ကာလမှာ မိမိရဲ့ ကျန်းမာရေးကို အဓိက အလေးအနက်ထား ဂရုစိုက်ကြဖို့ အောင်လက သူ့ရဲ့ ပွဲ မတိုင်မီ နာရီပိုင်းအလိုမှာ သတိပေးစကားဆိုလာတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က