ဒီရစ်ဒါရဲ့ ချုပ်ကွက်ကို ရုန်းမထွက်နိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ONE Championship ရဲ့ ဒီနေ့ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်စိန်ခေါ်ပွဲမှာတော့ အောင်လအန်ဆန် နဲ့ စိန်ခေါ်သူနယ်သာလန်နိုင်ငံသား ဒီရစ်ဒါတို့ ထိုးသတ်ခဲ့ကြပါတယ်။

ပွဲမတိုင်ခင်မှာပဲ နှစ်ဦးစလုံးက ဒီပွဲကို အနိုင်ယူမယ်လို့ ပြောဆိုခဲ့တာကြောင့် ပရိသတ်စိတ်ဝင်စားမှုအရှိန်မြင့်တက်ခဲ့ပြီး အထူးသဖြင့်တော့ မြန်မာပြည်ပရိသတ်တွေတွေက စိတ်အားထက်သန်မှုအပြည့်နဲ့ စောင့်ကြည့်ခဲ့ကြပါတယ်။ 



ပွဲစတင်တာနဲ့ နှစ်ဦးစလုံးတိုက်စစ်ဆင်ခဲ့ကြပြီး ဒီရစ်ဒါက ထုံးစံအတိုင်း takedown လုပ်ခဲ့ပြီး အောင်လအန်ဆန်ကို ခြိမ်းခြောက်ခဲ့ပါတယ်။ လျင်မြန်သွက်လက်ပြီးတော့ ကောင်းမွန်တဲ့လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရပြီး အောင်လအန်ဆန်အတွက်တော့ အနည်းငယ်အခက်အခဲရှိခဲ့ပြီး ပြန်လည်ရုန်းထွက်နိုင်ဖို့ အားထုတ်ခဲ့ရပါတယ်။ ထင်မှတ်မထားဘဲ ပထမအချီမှာကတည်းက ground fight တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါတယ်။ 



အောင်လအန်ဆန်အနေနဲ့ အစွမ်းကုန်ရုန်းထွက်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဒီရစ်ဒါရဲ့ ကောင်းမွန်တဲ့ချုပ်ကွက်အောက်မှာ အောင်လအန်ဆန်မလှုပ်နိုင်ခဲ့ဘဲ အရှုံးပေးသွားခဲ့ရပါတယ်။ ဒါဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဘွဲ့ကို သုံးကြိမ်ဆက်တိုက်ကာကွယ်နိုင်ခဲ့တဲ့ အောင်လအန်ဆန်အတွက်တော့ ပထမအချီမှာပဲ ပြိုင်ဘက်ကိုအရှုံးပေးခဲ့ရပြီး မစ်ဒယ်ဝိတ်ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရတာပဲဖြစ်ပါတယ်။ 


ဒီရစ်ဒါဟာ ပွဲကြိုပြောဆိုမှုတွေမှာ သူ ပြောခဲ့သလိုပဲ အောင်လအန်ဆန်ကို ချုပ်ကွက်နဲ့အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။ ဒီရစ်ဒါအတွက်လည်း ၁၃ပွဲဆက်တိုက်အနိုင်ယူခဲ့တာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကာ မြန်မာပရိသတ်တွေရဲ့ သူရဲကောင်း အောင်လအန်ဆန်အတွက်တော့ စိတ်ပျက်စရာရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က