အောင်လအန်ဆန်ကို အနိုင်ယူပြီး ချန်ပီယံအသစ်အဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။
Pyae Phyo Thein

ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းမှာတော့ ချန်ပီယံအသစ်အဖြစ် နယ်သာလန်နို်င်ငံသား ဒီရစ်ဒါက ပေါ်ထွက်လာခဲ့ပြိဖြစ်ပါတယ်။ ဒီနေ့ညပိုင်းက ထိုးသတ်ခဲ့တဲ့ အောင်လအန်ဆန်နဲ့ပွဲမှာ ဒီရစ်ဒါက စိန်ခေါ်သူအဖြစ်နဲ့ ထိုးသတ်ခဲ့ပြီး ပထမအချီမှာပဲ အနိုင်ယူခဲ့ကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါဟာ ONE Championship မှာတော့ မစ်ဒယ်ဝိတ်တန်းရဲ့ လေးဦးမြောက်ချန်ပီယံဖြစ်လာတာပါ။ သူ့အရင်မှာ မစ်ဒယ်ဝိတ်တန်းချန်ပီယံတွေအဖြစ် အိုင်ဂေါ်ဗီရစ်က ၃၃၆ ရက်ကြာရပ်တည်ခဲ့ပြီး ဗစ်တလေဘစ်ဒက်ရှ်က ၆၃၃ ရက်ကြာ ချန်ပီယံအဖြစ် ထပ်မံရပ်တည်ခဲ့ပါတယ်။ အောင်လအန်ဆန်ကတော့ ရက်ပေါင်း ၁၂၁၈ ရက်ကြာမြင့်တဲ့အချိန်ထိ မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ်ရှိနေခဲ့ပြီး ၃ကြိမ်တိတိ သူ့ရဲ့ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ 



အခုအခါမှာ ဒီရစ်ဒါက လေးဦးမြောက်ချန်ပီယံဖြစ်လာခဲ့ပြီး သူ့ရဲ့ခါးပတ်ကို ဘယ်အချိန်ထိကာကွယ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒီရစ်ဒါအနေနဲ့ ၁၃ပွဲဆက်တိုက် အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်နဲ့ ခါးပတ်ရယူနိုင်ခဲ့တာကြောင့် ပိုမိုဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ရသလို မစ်ဒယ်ဝိတ်တန်းမှာ ပြိုင်ဘက်ကင်းနေတဲ့ အောင်လအန်ဆန်ကို အနိုင်ယူပြခဲ့လို့ ထပ်ဆင့်ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။ 

ဒီပွဲမတိုင်ခင်မှာ အောင်လအန်ဆန်ကို လှုပ်မရအောင်ချုပ်ပြီး အနိုင်ယူမယ်လို့ ဒီရစ်ဒါက ကြုံးဝါးခဲ့ပါတယ်။ သူ့ရဲ့ပြောစကားအတိုင်း ဒီရစ်ဒါက လုပ်ပြခဲ့ပြီး အောင်လအန်ဆန်ကို အနိုင်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့အောင်ပွဲဟာ ထိုက်တန်တဲ့အောင်ပွဲလို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာပရိသတ်တွေအတွက်တော့ စိတ်ပျက်ဖွယ်ရာရှုံးပွဲဖြစ်ခဲ့ရပေမယ့်လည်း ဒီရစ်ဒါက ထိုက်တန်စွာနဲ့ အနိုင်ရခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။


ONE Championship နဲ့ ၂၀၁၈ အတွင်းမှာ လက်တွဲခဲ့ပြီးနောက် ၂နှစ်အတွင်းမှာပဲ မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့တာမို့ သူ့ရဲ့အရည်အသွေးက ဘယ်လောက်ထိကောင်းမွန်သလဲဆိုတာကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ မစ်ဒယ်ဝိတ်တန်းရဲ့ လေးဦးမြောက်ချန်ပီယံဟာ သူ့ရဲ့ခါးပတ်ကို ကာကွယ်နိုင်ဖို့အတွက် ပြိုင်ဘက်ကောင်းတွေကို စောင့်မျှော်နေပြီဖြစ်ပြီး ဘယ်သူတွေနဲ့ ထိုးသတ်ရမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က