နှစ်ဦးစလုံး ရှုံးပွဲကြုံပြီး ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ကြရတာပါ။

ဒီရိုက်ဒါရဲ့ ချုပ်ကွက်မိပြီး မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တဲ့အပေါ် အောင်လအန်ဆန်ကိုယ်တိုင်လည်း အတော်လေးကို မချိ တင်ကဲ ဖြစ်လို့နေခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ပထမအချီနဲ့တင် မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပြီး မစ်ဒယ် ဝိတ်ခါးပတ်ကို လက်လွှဲပေးခဲ့ရပါတယ်။



အလားတူ သူငယ်ချင်း ဖြစ်သူ မာတင်ငုယင်ကလည်း ပြိုင်ဖက်ကို အရှုံးပေးလိုက်ရလို့ဖယ်သာဝိတ်ခါးပတ်ကို လက်လွှဲပေးခဲ့ရပါတယ်။

ဒါကြောင့် သူတို့ သူငယ်ချင်း နှစ်ယောက်အတွက်တော့ ဒီနေ့ညဟာ ကံမကောင်းခဲ့တဲ့ညတစ်ည ဖြစ်ခဲ့တယ်လို့ ဆို ရမှာပါ။

ပြိုင်ပွဲရှုံးခဲ့ပေမယ့်လည်း အောင်လအန်ဆန်က သူ့ကိုချစ်တဲ့၊သူချစ်ရတဲ့ ပရိသတ်တွေကို နောက်တစ်ကြိမ်ဆိုရင် တော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့မယ်လို့ ကတိပေး ပြောစကားဆိုလာပါတယ်။

“ဟိုင်း ဒီညဟာ ကံမကောင်းခဲ့ပါဘူး၊ဒါပေမယ့် အကောင်းဆုံးပုံစံနဲ့ ကျွန်တော်ရော မာတင်ရော ပြန်လာမှာပါ။ အား ပေးမှု များစွာအတွက် ကျေးဇူးအများကြီး တင်ပါတယ်။”လို့ အောင်လအန်ဆန်က သူ့ရဲ့ လူမှု စာမျက်နှာထက်က နေ ပြောလာခဲ့ပါတယ်။

အောင်အနေနဲ့ ပြိုင်ပွဲမတိုင်ခင်က ကိုဗစ် ဖြစ်ခဲ့သေးပြီး ပြန်လည်သက်သာလာတာ ဖြစ်လို့ ပရိသတ်တွေက ပွဲမ တိုင်ခင်မှာ စိုးရိမ်နေခဲ့ကြပါသေးတယ်။

အခု ရှုံးပွဲကတော့ အောင်လအတွက် ၃နှစ်အတွင်း ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပြီး နိုင်ပွဲဆက်နေမှု ပျောက်ဆုံး ခဲ့ရ တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က