မကြာခဏဆိုသလို အနားယူပြီး ပြန်လည်ထိုးသတ်နေတာဖြစ်ပါတယ်။
Pyae Phyo Thein

ပိုရီယာနဲ့ မက်ဂရီဂေါ်တို့ဟာ ပြန်လည်ထိုးသတ်ပွဲဆင်နွှဲသွားမှာဖြစ်ပြီးတော့ UFC ဥက္ကဌ ဒါနာဝှိုက်ကလည်း သူတို့နှစ်ဦးရဲ့ တွဲဆိုင်းကို ESPN က တဆင့် အတည်ပြုသွားခဲ့ပါတယ်။ 


UFC ကနေ အနားယူပြီလို့ ကြေညာခဲ့တဲ့ မက်ဂရီဂေါ်ဟာ သံဇကာဝိုင်းအတွင်းကို နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်လာမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ လက်စ်ဗီးဂက်စ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ UFC 257 မှာ မက်ဂရီဂေါ် ပါဝင်လာဖွယ်ရှိနေပြီး သူ့ရဲ့ ထိုးသတ်ပြိုင်ဘက်အဖြစ် ဒက်စတင်ပိုရီယာဖြစ်မယ်လို့လည်း MMA Fighting က ဖော်ပြသွားခဲ့ပါတယ်။ 

တတိယအကြိမ်မြောက် အနားယူမှုအဖြစ် ပြုလုပ်ခဲ့တဲ့ မက်ဂရီဂေါ်ဟာ ရှေ့နှစ်ကြိမ်ကလိုပဲ ပြန်လည်ထိုးသတ်ဖို့အတွက် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပိုရီယာနဲ့ မက်ဂရီဂေါ်တို့ဟာ ပြန်လည်ထိုးသတ်ပွဲဆင်နွှဲသွားမှာဖြစ်ပြီးတော့ UFC ဥက္ကဌ ဒါနာဝှိုက်ကလည်း သူတို့နှစ်ဦးရဲ့ တွဲဆိုင်းကို ESPN က တဆင့် အတည်ပြုသွားခဲ့ပါတယ်။ 

၁၅၅ ပေါင်တန်းမှာ (လိုက်ဝိတ်တန်း) မှာ ထိုးသတ်သွားမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုရရှိဖို့အတွက် ဆောင်ရွက်နေကာ အောင်မြင်ဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။ မက်ဂရီဂေါ်ဟာ သူ့ရဲ့နောက်ဆုံးထိုးသတ်ပွဲအဖြစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ထိုးသတ်ခဲ့ပြီး ပြိုင်ဘက်ဒေါ်နယ်ဆာရွန်နီကို ပထမအချီ စက္ကန့်လေးဆယ်အတွင်းမှာပဲ အနိုင်ယူခဲ့ပါတယ်။ 

ဒက်စတင်ပိုရီယာနဲ့တော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက UFC 178 မှာ ထိုးသတ်ခဲ့ဖူးပြီး ပထမအချီ၊ တစ်မိနစ် နဲ့ လေးဆယ့်ခြောက်စက္ကန့်မှာ မက်ဂရီဂေါ်က လက်သီးထိုးချက်နဲ့ အလဲထိုးအနိုင်ယူထားခဲ့ပါတယ်။ UFC ရဲ့ အငြင်းပွားချင်စရာအကောင်းဆုံး နဲ့ ပရိသတ်စိတ်ဝင်စားမှုအခံရဆုံးဖိုက်တာဖြစ်တဲ့ မက်ဂရီဂေါ် ပြန်လည်ရောက်ရှိလာမှုက ဒါနာဝှိုက်အတွက်လည်း သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ 


Author


က္က