နောက်နှစ် ဇန်နဝါရီလအတွင်းမှာ ထိုးသတ်သွားမှာပါ။
Pyae Phyo Thein

ဒက်စတင်နဲ့ပွဲကိုတော့ လာမယ့်နှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အသက် ၃၂နှစ်အရွယ် ဖိုက်တာကို နောက်တစ်ကြိမ်မြင်တွေ့ရဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။ 


UFC ကနေ အနားယူပြီလို့ ကြေညာထားခဲ့တဲ့ မက်ဂရီဂေါ်ဟာ ဒက်စတင်ပိုရီယာနဲ့ ထိုးသတ်ဖို့အတွက် စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး နောက်ထပ်တစ်ကြိမ် သံဇကာဝိုင်းထဲကို ပြန်လာခဲ့ပြီဆိုတာကို အတည်ပြုခဲ့ပါတယ်။ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ ဒက်စတင်နဲ့ ထိုးသတ်ဖို့ ညှိနှိုင်းမှုအားလုံးအဆင်ပြေခဲ့ပြီးနောက်မှာ မက်ဂရီဂေါ်က လက်မှတ်ရေးထိုးခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ 

၁၅၅ ပေါင်တန်းမှာ ထိုးသတ်သွားမယ့် ဒီပွဲစဉ်ကိုတော့ အဘူဒါဘီမှာ ကျင်းပမှာဖြစ်ပြီး ဇန်နဝါရီလအတွင်းက သူ့ရဲ့နောက်ဆုံးထိုးသတ်ပွဲကို ဆင်နွှဲခဲ့ပြီးနောက် ဆယ်လခန့်အကြာမှာ ပထမဆုံးပွဲအဖြစ် မက်ဂရီဂေါ်က ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒက်စတင်နဲ့ပွဲကိုတော့ လာမယ့်နှစ် ဇန်နဝါရီလအတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အသက် ၃၂နှစ်အရွယ် ဖိုက်တာကို နောက်တစ်ကြိမ်မြင်တွေ့ရဖို့ သေချာခဲ့ပြီဖြစ်ပါတယ်။ 

မက်ဂရီဂေါ်ဟာ ၂၀၁၆ နဲ့ ၂၀၁၉ တို့တုန်းကလည်း အနားယူပြီလို့ ကြေညာခဲ့ပြီးမှာ ပြန်လည်ထိုးသတ်ခဲ့တဲ့အတိုင်း အခုတစ်ကြိမ်မှာလည်း အဆိုပါအတိုင်း ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ UFC ရဲ့ ၀ိတ်တန်းနှစ်ခုချန်ပီယံဟောင်းဟာ ဒက်စတင်နဲ့ ၂၀၁၄ ခုနှစ်တုနး်က ထိုးသတ်ကာ အနိုင်ရရှိထားခဲ့ပြီး အခုတစ်ကြိမ်ကတော့ မကျေပွဲနွှဲကြရမှာဖြစ်ပါတယ်။ 

"ပြန်လာနိုင်တဲ့အတွက် အရမ်းကိုဝမ်းသာမိပါတယ်၊ ဒက်စတင်နဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် စမ်းသပ်မှုအသစ်ကို မျှော်လင့်ထားပါတယ်" လို့ စာချုပ်ချုပ်ဆိုအပြီးမှာ မက်ဂရီဂေါ်က ပြောဆိုခဲ့ပါတယ်။ အိုင်ယာလန် MMA ဖိုက်တာဟာ UFC ရဲ့ ပရိသတ်အကြိုက်ဆုံးနဲ့ စိတ်ဝင်စားမှုအခံရဆုံးဖို်က်တာဖြစ်ပြီး သူ့ရဲ့အပြောအဆို၊ လှုပ်ရှားသွားလာမှုတွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 


မက်ဂရီဂေါ်ဟာ MMA ဖိုက်တာဘဝမှာ ပွဲပေါင်း ၂၆ ပွဲထိုးသတ်ထားခဲ့ပြီး ၂၂ပွဲအနိုင်ရကာ ၄ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ နိုင်ပွဲ ၂၂ပွဲမှာတော့ အလဲထိုးအနိုင်ရရှိခဲ့မှုက ၁၉ ပွဲအထိရှိခဲ့ပြီး သူ့ပြိုင်ဘက်တွေအတွက်တော့ ကြောက်ရွံ့ထိတ်လန့်စရာနတ်ဆိုးတစ်ကောင်အဖြစ်ရှိနေခဲ့ပါတယ်။ 


Author


က္က