ခေါင်းပွဲအဖြစ် ထွန်းထွန်းမင်းနဲ့ရာမာန်တို့ ထိုးသတ်ခဲ့ကြပြီး ပူးတွဲသရေကျခဲ့ပါတယ်။
Kyaw Ko Ko Sint

ယနေ့ထိုးသတ်ခဲ့တဲ့ တွဲဆိုင်း စုစုပေါင်း ၆ဆိုင်းမှာ ဂျပန်ဖိုက်တာ စောအရိုင်းနဲ့ မြန်မာက ဓနအောင်တို့တွဲဆိုင်း တစ်ဆိုင်းသာ အရှုံးအနိုင်ပေါ်ခဲ့ပြီး ကျန်တွဲဆိုင်းများ ပူးတွဲသရေကျခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ၅ကြိမ်မြောက်ပွဲအဖြစ် ယနေ့ ဒီဇင်ဘာလ ၆ရက်နေ့မှာတော့ ရန်ကုန်မြို့ ဂန္ဓမာဟိုးလ်ဆေးက ဂရန်းဘောလ်ရွန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ကစားသမားတွေနဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေကို ကြိုတင် သီးသန့် နေထိုင်စေပြီး ကိုဗစ် စစ်ဆေးမှုများပြုလုပ်ကာ ပရိသတ်မပါပဲ ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းလည်း ဖြစ်ပါတယ်။

စုစုပေါင်း တွဲဆိုင်း ၆ဆိုင်းပါဝင်ခဲ့ပြီး နိုင်ငံခြားသား လက်ဝှေ့သမားအဖြစ် ဂျပန်ဖိုက်တာက စောအရိုင်းဆိုတဲ့ မြန်မာနာမည်နဲ့ ဓနအောင်နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။

ဒီပွဲမှာတော့ ၃ချီမြောက်မှာ ဆေးအရှုံးနဲ့ ဂျပန်ဖိုင်တာ စောအရိုင်း အရှုံးပေးခဲ့ရပြီး ဓနအောင်က အနိုင်ရခဲ့ပါတယ်။

အခြားသော တွဲဆိုင်းတွေဖြစ်ကြတဲ့ ကနောင်သွေးနဲ့ပိုင်သက်အောင်၊စောရွှေလေးနဲ့အဖိုးသွေး၊ကျားသွေးနဲ့သားဒိန်း၊ ဗျဂ္ဃနဲ့စောထိန်လင်းတို့ တွဲဆိုင်းတွေကတော့ အလူးအလဲ အကွဲအပြဲနဲ့ ပူးတွဲ သရေပွဲတွေ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး ခေါင်ပွဲဖြစ်တဲ့ ထွန်းထွန်းမင်းနဲ့ရာမာန်တို့ရဲ့ပွဲမှာလည်း အလူးအလဲ အကွဲအပြဲနဲ့ ပူးတွဲသရေသာ ကျသွားခဲ့ပါတယ်။

ယနေ့ ကျင်းပခဲ့တဲ့ မြန်မာ့ရိုးလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဟာ နိုင်ငံတကာ ပြိုင်ပွဲ ဖြစ်ပေမယ့်လည်း ပြိုင်ပွဲ စည်းမျဥ်းကိုတော့ မြန်မာ့ရိုးရာ နည်းစနစ်တွေအတိုင်း သတ်မှတ်ကျင်းပတာ ဖြစ်ပါတယ်။

ဒါကြောင့် အလဲထိုး(သို့)‌ဆေးရှုံး(သို့)ဒိုင်ပွဲရပ် မဟုတ်ခဲ့ရင် ပူးတွဲသရေအဖြစ်သာ သတ်မှတ်တာလည်း ဖြစ်ပါတယ်။


Author


က္က