ပိုရီယာရဲ့ ရှုံးကြွေးဆပ်တာကို ခံလိုက်ရပါတယ်။

အဘူဒါဘီမှာ ဒီနေ့ကျင်းပခဲ့တဲ့ UFC 257 ရဲ့ Main Card ပွဲစဉ်ဖြစ်တဲ့ ဒက်စတင်ပိုရီယာ နဲ့ ကွန်နာမက်ဂရီဂေါ်တို့ရဲ့ လိုက်ဝိတ်တန်းပွဲစဉ်ကတော့ ပရိသတ်အများအပြားစောင့်ကြည့်မှုနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာကောင်းခဲ့ပါတယ်။ UFC ကို တကျော့ပြန် ဝင်ရောက်လာခဲ့တဲ့ မက်ဂရီဂေါ်ဟာ ပြိုင်ဘက်ဟောင်းနဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံနဲ့ ပြင်ဆင်လာခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

ပထမအချီစတင်တာနဲ့ နှစ်ဦးစလုံး ဆိုင်ထိုးပြိုင်ထိုးခဲ့ကြပြီး အလစ်အငိုက်ချောင်းကာ အချိန်စောင့်နေတဲ့ ပုံစံမဟုတ်ခဲ့လို့ အကြိတ်အနယ်ပိုရှိခဲ့ပါတယ်။ ပိုရီယာက ပထမအချီမှပဲ takedown ပြုလုပ်နိုင်ခဲ့ပြီး မက်ဂရီဂေါ်ကို ဖိအားပေးခဲ့ပါတယ်။ မက်ဂရီဂေါ်တစ်ယောက် ကြိုးဝိုင်းထောင့်ကနေ ထွက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အခွင့်အရေးရချိန်မှာ တိုက်စစ်ပြန်စနိုင်ခဲ့ပြီး ပခုံးတိုက်ချက်တွေနဲ့ ပိုရီယာကို အထိနာစေခဲ့ပါတယ်။ 

ပြိုင်ဘက်ဟောင်းတွေဖြစ်လို့ တစ်ဦးအကြောင်းတစ်ဦး ကောင်းကောင်းသိနေလို့ အသာစီးရယူဖို့တော့ ခက်ခဲနေခဲ့ပါတယ်။ ပထမအချီ ၃ မိနစ်ကျော်ကျော်လောက်မှာ မက်ဂရီဂေါ်ရဲ့ လက်သီးထိုးချက်က ထိထိမိမိရှိခဲ့ပြီး ပိုရီယာ ယိုင်ထွက်ခဲ့ကာ အနည်းငယ်အားပျော့ခဲ့ပါတယ်။ ဒီနောက်မှာ မက်ဂရီဂေါ်က တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ဘယ်ညာလက်သီးချက်တွေ အသုံးပြုထိုးနှက်ခဲ့ပါတယ်။ 



ပထမအချီပြီးဆုံးသွားချိန်ထိ မက်ဂရီဂေါ်အသာစီးရရှိခဲ့ပေမယ့်လည်း ဒုတိယအချီပြန်လည်စတင်ခဲ့တဲ့နောက်မှာ ပိုရီယာက ပါ၀ါအပြည့်ပါတဲ့ လက်သီးတွဲလုံးတွေနဲ့ မက်ဂရီဂေါ်ကို ပြန်လည်အသာစီးယူခဲ့ပါတယ်။ မက်ဂရီဂေါ်က ပွဲကို Control လုပ်နို်င်ခဲ့ပေမယ့် အားပြင်းတဲ့ လက်သီးချက်တွေ ထိခဲ့ပြိးနောက်မှာ မဟန်နိုင်တော့ဘဲ အလဲထိုးခံလိုက်ရပါတော့တယ်။ 

ဒုတိယအချီ ၂မိနစ်နဲ့ ၃၂စက္ကန့်မှာပဲ မက်ဂရီဂေါ်တစ်ယေက် အလဲထိုးခံလိုက်ရတာဖြစ်ပြီး ၂၀၁၄ တုန်းက ရှုံးပွဲကို ပိုရီယာက ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ပထမအချီမှာပဲ အရေးနိမ့်ခဲ့တဲ့ ပိုရီယာဟာ မက်ဂရီဂေါ်ကို ကြိုးဝိုင်းထဲပြန်ဝင်လာချိန်မှာပဲ အရှုံးနဲ့ မိတ်ဆက်ပေးခဲ့ပြီး အိုင်ယာလန်သားရဲ့ MMA ဖိုက်တာဘဝဟာ အကျဘက်ကိုရောက်သွားပြိလားဆိုတဲ့ မေးခွန်းတွေကိုလည်း ထွက်ပေါ်လာစေခဲ့ပါတော့တယ်။ 



က္က