၄၅ ရက်အကြာ ဆေးပြန်စစ်ဆေးမှုအပြီးမှာ ကောင်းမွန်တယ်ဆိုရင် အစောဆုံးပြန်ထိုးရမှာပါ။
Pyae Phyo Thein

အနားယူရာကနေ ပထမဆုံးပွဲကို ပြန်လည်ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါ်ဟာ တော်တော်လေးအထိနာခဲ့ပြီး ၀ိုင်းထောင့်မှာ ခြေပစ်လက်ပစ်ကို လဲကျခဲ့ရကာ တော်တော်လေးအထိနာခဲ့ပုံလည်း ရပါတယ်။ 


အိုင်ယာလန်နာမည်ကျော် MMA ဖိုက်တာ မက်ဂရီဂေါ်ဟာ ပိုရီယာနဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ၆လကြာပြီးမှ ပြန်လည်ထိုးသတ်နိုင်မယ်လို့ သိရပါတယ်။ ပွဲအပြီး ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက် မက်ဂရီဂေါ်ဟာ တနင်္ဂနွေနေ့က ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ၂ချီမြောက်နဲ့ပဲ အလဲထိုးခံခဲ့ရပြီး ဖိုက်တာဘဝမှာ ပထမဆုံးအကြိမ် အလဲထိုးခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဒုတိယအချီမှာ ပိုရီယာက မက်ဂရီဂေါ်ကို ပြင်းထန်အားပါတဲ့ လက်သီးတွဲလုံးတွေနဲ့ တရစပ်ထိုးသတ်ခဲ့ပြီး ကြိုးဝိုင်းထောင့်မှာ ဖင်ထိုင်ကျစေခဲ့ပါတယ်။ အနားယူရာကနေ ပထမဆုံးပွဲကို ပြန်လည်ထိုးသတ်ခဲ့တဲ့ မက်ဂရီဂေါ်ဟာ တော်တော်လေးအထိနာခဲ့ပြီး ၀ိုင်းထောင့်မှာ ခြေပစ်လက်ပစ်ကို လဲကျခဲ့ရကာ တော်တော်လေးအထိနာခဲ့ပုံလည်း ရပါတယ်။ 

လက်ရှိမှာတော့ ပြန်လည်ထိုးသတ်ဖို့အတွက် မက်ဂရီဂေါ်ဟာ ၆ လအထိ အချိန်ယူရမယ်လို့ ဆုံးဖြတ်ခံခဲ့ရပြီး အဆိုပါကာလအတွင်းမှာ ဒဏ်ရာပြန်လည်ကောင်းမွန်လာဖို့နဲ့ လေ့ကျင့်မှုတွေကို ကောင်းကောင်းပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေပေါ်မူတည်ကာ ကာလသတ်မှတ်ပေးခဲ့တာဖြစ်ပြီး ခြေထောက်ရိုး နဲ့ တံကျင်ရိုးတို့ ထိခိုက်ခဲ့တာလို့လည်း MMA Today က ဖော်ပြခဲ့ပါတယ်။ 

၄၅ ရက်မြောက်နေ့မှာ X-ray ပြန်လည်ရိုက်ယူသွားမှာဖြစ်ပြီး ဒဏ်ရာအနေအထားက စောလျင်စွာသက်သာလာခဲ့မယ်ဆိုရင်တော့ ထိုးသတ်ခွင့်ပြန်ပေးမယ်လို့ သိရပါတယ်။ အဆိုပါပွဲအပြီးမှာ မက်ဂရီဂေါ်က လာမယ့်ပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ပုံစံရရှိအောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့တာကြောင့် သူ့ရဲ့ဖိုက်တာဘဝဟာ မပြီးဆုံးဘဲ ဆက်လက်ထိုးသတ်နေဦးမယ်လို့ ယူဆရပါတယ်။

အဆိုပါပွဲကို အရေးနိမ့်ခဲ့ပေမယ့် မက်ဂရီဂေါ်ဟာ ထိုးသတ်ကြေးဒေါ်လာ ၈ သန်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ UFC ရဲ့ ထိုးသတ်ကြေးအများဆုံးရ ဖိုက်တာတွေထဲက တစ်ဦးဖြစ်တဲ့ မက်ဂရီဂေါ်အတွက် ငွေကြေးအကျိုးအမြတ်အရ အများအပြားရရှိခဲ့ပေမယ့် ဂုဏ်သိက္ခာကျခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ 


Author


က္က