ဒက်စတင်တည်ထောင်ထားတဲ့ အစားအသောက်နဲ့ ဆေးဝါးလိုအပ်သူများအတွက် ရန်ပုံငွေ အဖွဲ့အစည်းကို လှူဒါန်းပေးလိုက်တာပါ။

မက်ဂရီဂေါရဲ့ လုပ်ရပ်အတွက် ပြိုင်ဖက်ဖြစ်သူ ဒက်စတင်ပေါ်ရီယာရဲ့ ဇနီးဖြစ်သူဟာ ပွဲပြီးပြီးချင်းမှာပဲ နားနေခန်းကို လိုက်သွားပြီး မက်ဂရီဂေါကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အပတ်က အဘူဒါဘီမှာ ထိုးသတ်သွားတဲ့ UFC 257ပြိုင်ပွဲမှာ နာမည်ကျော် ဖိုက်တာ မက်ဂရီဂေါဟာ ဒက် စတင်ပေါ်ရီယာကို အလဲထိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဒက်စတင်အတွက်တော့ မက်ဂရီဂေါ်ကို မကျေပွဲ ပြန်လည်စိန်ခေါ်ထိုးသတ်ခဲ့ရာမှာ အရင်တစ်ခေါက် အရှုံး အတွက် လက်စားပြန်ချေနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

ပွဲပြီးပြီးချင်းမှာတော့ အနိုင်ရရှိခဲ့သူ ဒက်စတင်ရဲ့ဇနီးဖြစ်သူဟာ ရှုံးနိမ့်သွားသူ မက်ဂရီဂေါရဲ့ နားနေခန်းကို လိုက် သွားခဲ့ပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အကြောင်းကတော့ မက်ဂရီဂေါဟာ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း အနိုင်ရရှိသွားသူ ဒက်စတင် ပေါ်ရီယာ တည်ထောင်ထားတဲ့ “Good Fight Foundation”အတွက် အမေရိကန်ဒေါ်လာ ၅သိန်းလှူဒါန်းပေးခဲ့တာကြောင့် ဖြစ်ပါတယ်။

“ကျေးဇူးအများကြီးတင်ပါတယ်။အခုလို လှူဒါန်းပေလိုက်တဲ့ ပိုက်ဆံတွေဟာ လူများစွာရဲ့ ဘဝတွေကို ပြောင်းလဲ ပေးနိုင်ပါတယ်။အိမ်ပြန်လမ်းခရီးသာယာပါစေ။ကျေးဇူးအများကြီးတင်ပါတယ်။”လို့ အနိုင်ရရှိသွားသူ အမေရိကန် နိုင်ငံသား ဒက်စတင် ပေါ်ရီယာရဲ့ ဇနီးဖြစ်သူက မက်ဂရီဂေါကို သွားရောက်ပြောဆိုခဲ့တာပါ။

မက်ဂရီဂေါရဲ့ လုပ်ရပ်ဟာ သူ့အ‌ပေါ် မလိုမုန်းထားနေကြတဲ့ သူတွေကို လူသားဆန်မှုတစ်ခုအနေနဲ့ ပြသနိုင်ခဲ့တာ ဖြစ်ပြီး အားကစားဆိုတာမှာ ရည်မှန်းချက်တူတဲ့ ပြိုင်ဖက်သာရှိပြီး ရန်သူဆိုတာ မရှိဘူးဆိုတာကိုလည်း သက်သေ ထူပြနိုင်ခဲ့ပါတယ်။

မက်ဂရီဂေါကလည်း ကျေးဇူးတင်စကား လာဆိုခဲ့တဲ့ ဒက်စတင်ရဲ့ ဇနီးဖြစ်သူကို အနိုင်ရသွားသူ ခင်ပွန်းသည်အ တွက် ဂုဏ်ယူကြောင်းနဲ့ သူ့ရဲ့ တိုက်ခိုက် စွမ်းရည်ဟာလည်း ကောင်းမွန်တဲ့အကြောင်း ချီးကျူးပြောဆိုခဲ့ပါသေး တယ်။

မက်ဂရီဂေါ လှူဒါန်းလိုက်တဲ့ အမေရိကန်ဒေါ်လာ ၅သိန်းဟာ ပေါ်ရီယာတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ လူမှု အဖွဲ့အစည်းကို ရောက်ရှိသွားခဲ့ပြီး အမေရိကန်ပြည်ထောင်စု မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ ဆေးဝါးနဲ့ အစား အသောက် အထောက်အပံ့ လိုအပ်နေသူတွေကို ကူညီပေးသွားမှာ ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ လည်း ပြုလုပ်ပေးသွားမှာလို့သိရပါတယ်။



က္က