DuwunSportsနဲ့ အွန်လိုင်းအင်တာဗျူးမှာ‌‌‌ပြောသွားတာပါ။

မူလ ချုပ်ကွက်ကို မသုံးဖြစ်တော့ပဲ နောက်ပိုင်းပွဲတွေမှာ ပရိသတ်အကြိုက် အလဲထိုးနဲ့သာ အနိုင်ကစားပြလာခဲ့တာ ပါ။

အောင်လအန်ဆန်ရဲ့ နာမည်ပြောင်က မြန်မာ့စပါးအုံးဖြစ်ပြီး ဒီလို ခေါ်တွင်တာကလည်း ပြိုင်ဖက်တွေကို စပါးကြီး မြွေတစ်ကောင်လို့ ချုပ်ကွက်တွေနဲ့ အနိုင်ယူလေ့ရှိတာကြောင့် ဖြစ်ပါတယ်။



ဒါပေမယ့် အောင်လအန်ဆန်က နောက်ပိုင်းပွဲတွေမှာ ပင်ကိုယ် ချုပ်ကွက်ကို သိပ်အသုံးမပြုတော့ပဲ Stand Fight လို့ ခေါ်တွင်တဲ့ တိုက်ကွက်တွေနဲ့သာ ပြိုင်ဖက်တွေကို အနိုင်ယူလာခဲ့ပါတယ်။



ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင်ဟန်ကို ပြောင်းလဲလိုက်တာလားလို့ DuwunSportsက ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းကတဆင့် အင်တာဗျူးမှာ မေးမြန်းဖြစ်ခဲ့ရာမှာတော့ - “ ကျွန်တော် အရင်က လေ့ကျင့်တဲ့ Gymက ဘရာဇီး ဂျူဂျစ်ဆုကို အဓိကထားသင်ပေးခဲ့တယ်၊အခုနောက်ပိုင်း Gymမှာတော့ ကျွန်တော် ကစ်ဘောင် ဆင်ကို ပိုလေ့ကျင့်ဖြစ်လာပါတယ်။နောက်ပြီး မြန်ာမာရိုးရာလက်ဝှေ့ကိုလည်း သေချာလေ့လာခွင့်ရပြီးနောက် ကျွန် တော်ရဲ့ အသွေးအသားထဲက မြန်မာ့သွေး မြန်မာ့ဟန်တွေ အလိုလို ပေါက်ဖွားပြီး လက်ဝှေ့ထိုးချင်စိတ်တွေ ပိုဖြစ် လာပါတယ်။ဒါကြောင့် ချုပ်ကွက်ထက်စာရင် အလဲထိုးကိုသာ ပိုထိုးဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။နောက်ပြီး ပရိသတ်တွေကလည်း ချုပ်ကွက်ထက် အလဲထိုးတာကို ပိုသဘောကျတာကြေင့်လည်း ပါပါတယ်။”လို့ အောင်လ အန်ဆန်က ပြန်လည်ရှင်းပြပါတယ်။

အောင်လအန်ဆန်အနေနဲ့ ချုပ်ကွက်နဲ့ နောက်ဆုံး အနိုင်ယူခဲ့တဲ့ပွဲကတော့ ၂၀၁၇ခုနှစ်တုန်းက အလိန်းအန်ဂါလာနီ နဲ့ ထိုးသတ်ခဲ့တဲ့ အလွတ်တန်း ပြိုင်ပွဲမှာ ဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ထိုးသတ်ခဲ့တဲ့ ပွဲတိုင်းကို တိုက်ကွက်နဲ့သာ အနိုင်ယူ လာခဲ့တာပါ။

လာမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့ ပြိုင်ဖက်ဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နဲ့ မစ်ဒယ်ဝိတ်ခါးပတ် ကာကွယ်ပွဲ ထိုးဖို့ရှိပေမယ့် ကမ္ဘာနှင့်အဝှမ်း ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲရွှေ့ထားရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က