ကိုရီးယားဖိုက်တာကို အရေးနိမ့်ခဲ့တာပါ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာကျင်းပနေတဲ့ ONE Championship:One Century Part(1) မှာ မြန်မာဖိုက်တာ ဖိုးသော်ဟာ ကိုရီးယားဖိုက်တာ ယွန်ချန်မင်ကို ပထမအချီမှာတင် ရှုံးနိမ့်ခဲ့ရပါတယ်။


မြန်မာ MMA ဖိုက်တာနှစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်နဲ့ ဖိုးသော်တို့ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ONE Championship:One Century Part(1) ပွဲစဉ်အဖြစ် ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဖိုးသော်က ကိုရီးယားဖိုက်တာ ယွန်ချန်မင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အသက် ၂၄နှစ်အရွယ် ယွန်ဟာ ၂၀၁၉၊ မတ်လကမှ One Championship ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အသက် ၂၄နှစ်အရွယ်သာရှိသေးကာ အသက် ၃၄နှစ်ရှိပြီဖြစ်တဲ့ ဖိုးသော်ထက် ၁၀နှစ်ငယ်ရွယ်ပါတယ်။

ဒီပွဲစဉ်မှာတော့ ဖိုးသော်ဟာ ကိုရီးယားဖိုက်တာကို ပထမအချီမှာတင်အချုပ်ခံရပြီး အရှုံးပေးခဲ့ရပါတယ်။ “ကျွန်တော်ဒီပြိုင်ပွဲမှာ တတ်နိုင်သလောက်ကြိုးစားအားထုတ်ပြီး အကောင်းဆုံးဖြစ်အောင်ယှဉ်ပြိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံအတွက် နောက်ထပ်အောင်ပွဲတစ်ခုကိုတော့ မရယူနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ကျွန်တော်နောက်ထပ်လာမယ့်ပြိုင်ပွဲတွေမှာ ဒီ့ထက်ပိုပြီးကောင်းမွန်တဲ့အခြေအနေဖြစ်အောင် ကိုယ့်ကိုကိုယ်ပိုပြီးပြင်းပြင်းထန်ထန် ကြိုးစားသွားပါ့မယ်။ ကျွန်တော့်ကိုဆက်ပြီး အားပေးနေကြပါဦး။” လို့ ပွဲအပြီးမှာ ဖိုးသော်က သူ့ရဲ့ Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ကိုရီးယားဖိုက်တာ ယွန်ဟာ ဒီနေ့ပွဲမှာ ဖိုးသော်ကိုအနိုင်ရခဲ့တဲ့အတွက် One Championship မှာ သုံးပွဲဆက်အနိုင်ရခဲ့ပါတယ်။ ဖိုးသော်ကတော့ One Championship မှာ ၁၁ပွဲယှဉ်ပြိုင်ထားပြီး ၈ပွဲနိုင်၊ ၃ပွဲသရေ ရလဒ်ရရှိထားပါတယ်။ ဖိုးသော်ဟာ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ One Championship ပြိုင်ပွဲမှာ အင်ဒိုနီးရှားဖိုက်တာ ဗစ်တိုရီယိုဆန်းဒက်ကို အနိုင်ရရှိထားပါတယ်။





က္က