မေလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာပါ။

ဒီတစ်ကြိမ် WLC -8 ကိုတော့ KAREN SPIRITလို့ အမည်မှည့်ခေါ်ထားပြီး WLC မှာ တစ်ကြိမ်မှ မမြင်ဖူးတဲ့ နိုင်ငံခြားသား ဖိုက်တာကောင်းတွေကို ထပ်မံ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာလက်ခမောင်းကုမ္ပဏီက ကြီးမှူးကျင်းပနေတဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC) ရဲ့ ၈ ကြိမ်မြောက် ပြိုင်ပွဲကိုတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပပြုလုပ်တော့မှာပါ။ မေလ ၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဒီတစ်ကြိမ်ပြိုင်ပွဲမှာတော့ အဓိက ခေါင်ပွဲအဖြစ် စိုးလင်းဦးက ဂျာမန်ဖိုက်တာ ဘရုလစ်ခ်နဲ့ ထိုးသတ်သွားမယ်လို့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။



WLC က မြန်မာ့ရိုးရာ လက်ဝှေ့ကို အမှတ်ပေးစနစ်နဲ့ ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ဒီတစ်ကြိမ်ပြိုင်ပွဲမှာတော့ ခါးပတ်လုပွဲ လုံးဝ ပါဝင်လာခြင်းမရှိပါဘူး။ နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် (WLC – 7 ) မှာတော့ ပေါ်တူဂီမှ အန်တိုနီရာ ဖာရာက မြန်မာဖိုက်တာ စောထူးအောင်ကို အနိုင်ယူပြီး လိုက်ဝဲလ်တာဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

WLC ပွဲတွေကို ကရင်ပြည်နယ်မှာ ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပြီး စုစုပေါင်း တွဲဆိုင်း ၈ တွဲမှာ အမျိုးသမီး တွဲဆိုင်း တစ်တွဲ ပါဝင်ပါတယ်။ အမျိုးသမီး တွဲဆိုင်းကတော့ မြန်မာမှ အဲအဲနဲ့ ဗီယက်နမ်သူ ဟွိုင်းဟာဟူးဟျူတို့ ရင်ဆိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ ပြည်တွင်း တွဲဆိုင်း ၄ တွဲပါဝင်ပြီး သန်းဇော်နဲ့ ဟိန်းထွန်းအောင်၊ မင်းထက်ကျော်နဲ့ဘဟိန်း၊ အောင်ဟိန်း နဲ့ သွေးသစ်မောင်၊ အောင်အောင်ထူးနဲ့စောမင်းမင်းတို့ ပွဲတွေဖြစ်ပါတယ်။

နိုင်ငံတကာပွဲတွေအဖြစ် သွေးသစ်အောင်နဲ့ အိုင်ယာလန်နိုင်ငံသား ဒေးဗစ်မက္ကာသီ၊ မိုက်ရိုင်းနဲ့အဇာဘိုင် ဂျန်က ရှာမာဇာဒီအာမေးလ်ဖြစ်ပြီး အဓိက ခေါင်ပွဲအဖြစ် စိုးလင်းဦးနဲ့ ဂျာမနီ-ထိုင်း လူမျိုးစပ် ဖြစ်တဲ့ မွေထိုင်းဖိုက်တာ ဘရုလစ်ခ်တို့ ထိုးသတ်သွားကြမှာပါ။

ဒီပွဲစဉ်တွေမတိုင်ခင် လူငယ်သွေးသစ်တွေကို မြေတောင်မြှောက်ပေးတဲ့အနေနဲ့ WLC ကပဲ ကြီးမှူးပြီး ပြည်တွင်း လူငယ်တွဲဆိုင်း ၅ ပွဲလောက်ကိုလည်း အထူးပွဲစဉ်တွေအနေနဲ့ ထည့်သွင်းစီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က