ခေတ်စားလျက်ရှိတဲ့ Action, Adventure ဂိမ်းတွေရဲ့ Game play ပုံစံတွေအတိုင်း ဆော့ကစားရမှာဖြစ်ပါတယ်။

Streaming Service ဘီလူးကြီးတစ်ကောင်ဖြစ်တဲ့ Netflix ကတော့ Streaming လောကမှာမင်းမူနေရတာကို မကျေနပ်နိုင်သေးဘဲ ဗီဒီယိုဂိမ်းလောကဘက်ကိုပါ ခြေဆန့်လာပါပြီ။

Netflix ဟာ သူ့ရဲ့ Original TV series ဖြစ်တဲ့ Stranger Things ကိုအခြေပြုပြီး ဗီဒီယိုဂိမ်းနှစ်ခုကို ထုတ်လုပ်သွားတော့မှာပဲဖြစ်ပါတယ်။ ပထမတစ်ခုကတော့ Stranger Things 3: The Game ဖြစ်ပြီး PS4, Nintendo Switch, Xbox One အစရှိတဲ့ ပလက်ဖောင်းတွေပေါ်ကို ဇူလိုင်လ ၄ ရက်နေ့မှာ Stranger Things Season 3 ထုတ်လွှင့်မှုနဲ့အတူ အချိန်ကိုက် ဖြန့်ချိသွားမှာပါ။ ဆော့ကစားသူတွေ အတိတ်ကို လွမ်းဆွတ်တမ်းတမိသွားအောင် ဂိမ်းတစ်ခုလုံးကို ငယ်ငယ်ကဆော့ခဲ့ဖူးတဲ့ဂိမ်းများလိုပဲ 16 bit ဂရပ်ဖစ်စတိုင်လ်ကို အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ ခေတ်စားလျက်ရှိတဲ့ Action, Adventure ဂိမ်းတွေရဲ့ Gameplay ပုံစံတွေအတိုင်း ဆော့ကစားရမှာဖြစ်ပါတယ်။

 

နောက်ဂိမ်းတစ်ခုဖြစ်တဲ့ Stranger Things Mobile ဂိမ်းကိုထုတ်လုပ်မယ့်အကြောင်းကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က E3 ဂိမ်းပြပွဲမှာကြေညာခဲ့တာပါ။ ဒီဂိမ်းကို ဖင်လန်နိုင်ငံအခြေစိုက်ဂိမ်းစတူဒီယိုဖြစ်တဲ့ Next Games နဲ့ပူးတွဲထုတ်လုပ်သွားမှာဖြစ်ပြီး 2020 ခုနှစ်ထဲမှာ Android ရော iOS ရောမှာပါဖြန့်ချိသွားမှာဖြစ်ပါတယ်။ Gameplay ကတော့ Pokemon Go လို Location-based RPG ဂိမ်းအမျိုးအစားဖြစ်ပြီး ကစားသူတွေအနေနဲ့ Stranger Things universe ရဲ့ အခြားကမ္ဘာဖြစ်တဲ့ The Upside Down (ပြောင်းပြန်ကမ္ဘာ) ကို ကိုယ်ကစားနေတဲ့နေရာအလိုက် ကြုံတွေ့ခံစားသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ Mobile ဂိမ်းနဲ့ပတ်သတ်ပြီး Next Games ရဲ့ CEO ဖြစ်သူ Teemu Huuhtanen က "ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က Stranger Things ရဲ့ theme ဖြစ်တဲ့ သူငယ်ချင်းစိတ်ဓာတ်နဲ့ သဘာဝလွန်စွန့်စားခန်း တွေကို ဖျော်ဖြေရေးအဖြစ်နဲ့ ခင်ဗျားတို့ရဲ့ Mobile Device တွေထဲကို အရောက်ပို့ပေးဖို့ပါပဲ" ဆိုပြီးပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီ Mobile ဂိမ်းဟာ သူ့အရင်ထွက်ရှိလာမယ့် Stranger Things 3: The Game နဲ့လုံးဝသက်ဆိုင်မှာမဟုတ်ဘူးလို့ ထပ်မံသိရှိထားပါတယ်။

Written by မျိုးသန့်ကျော်


ဆက်စပ်အကြောင်းအရာများ



က္က