အိုလံပစ်ပြိုင်ပွဲကတော့ ရွှေ့ဆိုင်းဖို့ ညှိနှိုင်းမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

ရောဂါကာကွယ်ဆေးအချို့အသုံးပြုလာနိုင်တဲ့အခြေအနေကြောင့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကာလအတွင်း တားမြစ်ဆေးစစ်ဆေးမှုများအပေါ်တွင်  အခက်အခဲအချို့ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့တားမြစ်ဆေးထိန်းချုပ်စစ်ဆေးရေးအဖွဲ့ (WADA )အနေနဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရှေ့လာမယ့်အားကစား ပွဲတွေအတွင်း တားမြစ်ဆေးသုံးစွဲခြင်းရှိမရှိအပေါ် စစ်ဆေးမှုများမှာ အခက်အခဲများစွာရှိလာနိုင်တယ်လို့ရိုက်တာ ရဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။



တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားခဲ့ပြီးနောက် အချိန် ၃လအတွင်း ပျံနှံ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ၉၉ရာခိုင်နှုန်းအထိ ကူးစက်ခဲ့ခြင်းကြောင့် ကစားသမားအများစုအနေနဲ့ ကာကွယ်ဆေးအချို့သုံးစွဲလာနိုင်တဲ့အတွက် အခုလိုအခက် အခဲအချို့ရှိလာနိုင်ခြင်းဖြစ်တယ်လို့လည်း သုံးသပ်မှုအချို့ရှိနေခဲ့တာပါ။



“ အားကစားလောကအတွက် မကြုံစဖူးအခက်အခဲဆုံးအခြေအနေနဲ့ရင်ဆို်င်နေရတာပါ။ WADA အပါအဝင် တားမြစ်ဆေးစစ်ဆေးတဲ့အဖွဲ့တွေအားလုံး အခက်အခဲတွေရှိလာမှာပါ။ ဘယ်သူဘယ်ဝါကိုမဆိုပေမယ့် တက မ္ဘာလုံးပျံ့နှံနေတဲ့ ရောဂါဆိုးကြောင့် ကစားသမားတိုင်းမဟုတ်ရင်တောင် အချို့က ကာကွယ်ဆေးတွေအသုံးပြု ထားကြမှာပါ။ ကာကွယ်ဆေးအချို့က တားမြစ်ထားတဲ့ဆေးဝါးတွေထဲမှာ ပါဝင်နေပါတယ် ” လို့ ကမ္ဘာ့တား မြစ်ဆေးထိန်းချုပ်စစ်ဆေးရေးအဖွဲ့ (WADA) ရဲ့ ဥက္ကဋ္ဌဝီတိုးလ်ဒါဘန်ဂါက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံအနေနဲ့ စိန်ခေါ်မှုအချို့နဲ့ရင် ဆိုင်နေရပြီး အစောပိုင်းသတင်းထွက်ပေါ်မှုတွေအရ ပြိုင်ပွဲကိုရွှေ့ဆိုင်းရဖို့အထိဖြစ်လာနိုင်ပြီး လာမယ့်ရက်သ တ္တပတ်အနည်းငယ်အတွင်း အတည်ပြုချက်ထုတ်ပြန်မယ်လို့ သတင်းထုတ်ပြန်ထားရတဲ့အထိ အခက်အခဲတွေရှိ နေခဲ့တာပါ။

အခြားဆက်စပ်သတင်းတွေအရ ကမ္ဘာ့တားမြစ်ဆေးထိန်းချုပ်စစ်ဆေးရေးအဖွဲ့ (WADA) ဘက်ဖြေလျော့မှုအချို့ ပြုလုပ်ဖို့ရှိနေခဲ့ပြီး ခြွင်းချက်အနေနဲ့ ပြိုင်ပွဲကာလအတွင်း မဖြစ်မနေတားမြစ်ထားတဲ့ တားမြစ်ဆေးတွေကလွဲပြီး အခြားအကိုက်အခဲပျောက်ဆေး၊ ကာကွယ်ဆေးအချို့ကို ခွင့်ပြုသွားဖွယ်ရှိနေတယ်လို့ ဖော်ပြမှုတွေရှိနေပေမယ့် တရားဝင်အတည်ပြုခြင်းတော့မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က