ပွဲငယ်ငါးပွဲအထိ ကစားခဲ့ရပြီး အကြိတ်အနယ်ရှိခဲ့ပါတယ်။
Pyae Phyo Thein

ပထမပွဲငယ်နှစ်ပွဲကို အရေးနိမ့်ခဲ့တဲ့ တင်းမ်ဟာ နောက်ဆုံးသုံးပွဲဆက်တိုက်ပြန်လည်အနိုင်ယူခဲ့ပြီး နောက်ဆုံးပွဲငယ်ကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ 


ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးရဲ့ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ဒေါမနစ်တင်းမ်က ပြိုင်ဘက်အလက်ဇန္ဒါးဇာရက်ဗ်ကို ၃ပွဲ ၂ပွဲနဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့ပြီဖြစ်ပါတယ်။ ပထမပွဲငယ်နှစ်ပွဲကို အရေးနိမ့်ခဲ့တဲ့ တင်းမ်ဟာ နောက်ဆုံးသုံးပွဲဆက်တိုက်ပြန်လည်အနိုင်ယူခဲ့ပြီး နောက်ဆုံးပွဲငယ်ကတော့ တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ 

ယူအက်စ်အိုးပင်းမှာ ဗိုလ်စွဲခဲ့တာက တင်းမ်အတွက်တော့ ပထမဆုံးဂရန်းစလမ်းဆုဖလားကို ရရှိခဲ့တာဖြစ်ပြီး ယူအက်စ်အိုးပင်းသမိုင်းမှာလည်း ပွဲငယ်နှစ်ပွဲအရေးနိမ့်မှုကနေ ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးတင်းနစ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၄ ပြင်သစ်အိုးပင်းမှာ ဂက်စ်တန်ဂါအူဒီယိုက ပွဲငယ်နှစ်ပွဲရှုံးနိမ့််ရာကနေ အနိုင်ယူခဲ့ပြီးနောက်ပိုင်း သူက ဒီလိုစွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့တယ်လို့ cbssport က ဖော်ပြခဲ့ပါတယ်။ 

အခုလိုမျိုး ပွဲစဉ်ငါးပွဲအထိ ကစားခဲ့ရတာကလည်း နှစ်နှစ်ဆက်တိုက်ရှိသွားခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့နှစ်က နဒါးလ် န်ဲ့ မက်ဗီဒက်တို့ကလည်း ငါးပွဲအထိကစားခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်စွဲဖို့ရေပန်းစားနေခဲ့တဲ့ ဂျိုကိုဗစ်က ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရမှုနဲ့အတူ ဆီဒင်၂ ရရှိခဲ့တဲ့ တင်းမ်က အကောင်းဆုံးလက်စွမ်းပြခဲ့ပြီး ပထမဆုံးဂရန်းစလမ်းဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ 

ကမ္ဘာ့အဆင့် ၃ နေရာမှာ ရမှတ်ပေါင်း ၇၁၃၅ နဲ့ ရပ်တည်နေခဲ့တဲ့ တင်းမ်ဟာ အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်မှာ ဆုကြေးငွေအမေရိကန်ဒေါ်လာ ၂၃သန်းကျော် ရရှိထားခဲ့ပြီးဖြစ်ကာ လာမယ့်တင်းနစ်လောကကို လွှမ်းမိုးနိုင်မယ့်သူအဖြစ် သတ်မှတ်ခံနေရပြီလည်းဖြစ်ပါတယ်။ အမျိုးသမီးဗိုလ်လုပွဲမှာတော့ ဂျပန်က နာအိုမီအိုဆာကာက ဗစ်တိုရီးယားအေဇာရန်ကာကို ၂-၁ နဲ့အနိုင်ရှိကာ ဗိုလ်စွဲသွားခဲ့ပါတယ်။ 


Author


က္က