ဂျပန်ဂရင်းပရီကို လာမယ့်အောက်တိုဘာ ၁၃ရက်နေ့မှာ ကျင်းပမှာလည်းဖြစ်ပါတယ်။

၂၀၁၉ အတွက် ပွဲပေါင်း ၁၆ပွဲကစားပြီးရာတွင် ဟာမီလ်တန်က ပထမနေရာကို ၉ကြိမ်အထိရယူထားနိုင်ခဲ့ပါတယ်။

ရုရှားဂရင်းပရီပြိုင်ပွဲတွင် ထိပ်ဆုံးနေရာကနေ ပန်းဝင်နိုင်ခဲ့တဲ့ ဗြိတိန်ဖော်မြူလာဝမ်းကားေ မာင်းသမား  ဟာမီလ်တန်ဟာ ရာသီကုန်ဆုံးရန် ပွဲစဉ် ၅ပွဲကျန်ရှိနေသေးပေမယ့် ကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်နိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်တယ်လို့ Dailymail ကဖော်ပြလာပါတယ်။

ဟန်ဂေရီဂရင်းပရီတွင် ပထမနေရာရခဲ့ပြီးတဲ့နောက် ဘယ်လ်ဂျီယံ၊ အီတလီ၊ စင်ကာပူဂရင်းပရီပြိုင်ပွဲ  များတွင် ရလဒ်ကောင်းမရရှိခဲ့တဲ့ ဟာမီလ်တန်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုအတွက် ဒုတိယနေရာက မာစီဒီးအသင်းဖော်ဗစ်တာရီဘော့စ်တက်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရတာလည်းဖြစ်ပါတယ်။



လက်ရှိမှာ ရာသီကုန်ဆုံးဖို့ ဂရင်းပရီ၅ခုကျန်ရှိနေချိန်မှာ တစ်ဦးချင်းအဆင့်ရပ်တည်မှုတွ င် ဟာမီလ်တ န်က ရမှတ်၃၂၂မှတ်နဲ့ထိပ်ဆုံးကနေ ဦးဆောင်နေဆဲဖြစ်ပြီး ဒုတိယနေရာတွင် ဘော့စ်တက်က ၂၄၉မှ  တ်၊ ချားလ်လက်စ်ကလေက ရမှတ် ၂၁၅မှတ်နဲ့တတိယ၊ ဗက်စတက်ပန်က ၂၁၂မှတ်နဲ့ စတုထ္ထ၊ ဗက် တဲလ်က ရမှတ် ၁၉၄မှတ်နဲ့ အဆင့်-၅နေရာတို့မှာ အသီးသီးရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။

ဟာမီလ်တန်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်း တစ်နှစ်တာအတွင်းအကောင် းဆုံးရ လဒ်တွေရရှိခဲ့တဲ့အတွက် ၂နှစ်ဆက်ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး အခုနှစ်ပြိုင်ပွဲတွင်ချန်ပီယံဆု  ရရှိခဲ့ပါက မန်နျူရယ်ဖန်ဂီရို၊ ဗက်တဲလ်၊ မိုက်ကယ်ရှုးမေကာတို့ရဲ့အအောင်မြင်ဆုံးစံချိန်ကို လိုက်မီဖို့နီး   စပ်လာမှာလည်းဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ဟာမီလ်တန်အနေနဲ့ ၂၀၁၉ အတွက်ဆက်ကစားဖို့ကျန်ရှိနေသေးတဲ့ ဂျပန်၊ မ  က္ကဆီကို၊ အမေရိကန်၊ ဘရာဇီး၊ ယူအေအီးအဘူလ်ဒါဘီပွဲစဉ်တွေမှာ ပထမနေရာ ၂ကြိမ်ရရှိခဲ့ရုံနဲ့ တစ်  ဦးချင်းကမ္ဘာ့ချန်ပီယံအဖြစ်ရပ်တည်နိုင်ဖိုရှိနေခဲ့တာပါ။



က္က