ရန်ကုန် နဲ့ ဘန်ကောက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Pyae Phyo Thein

ပြည်တွင်းရိုးရာလက်ဝှေ့ကျော်တွေရဲ့ တွဲဆိုင်း (၅) ဆိုင်းကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံခြားသားတွဲဆိုင်း (၃)ဆိုင်းကိုတော့ ဘန်ကောက်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့မှုကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့ရတဲ့ WLC ပွဲစဉ်တွေကို ပြန်လည်ကျင်းပဖို့အတွက် စီစဉ်နေပြီလို့ WLC တည်ထောင်သူ ဦးဇေသီဟက သူ့ရဲ့ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာက အသိပေးပြောဆိုလိုက်ပါတယ်။ WLC 12 Hideout Battles လို့ နာမည်ပေးထားတဲ့ ပြိုင်ပွဲကိုတော့ နိုင်ငံ (၂)ခုမှာ ခွဲပြီး ကျင်းပမယ်လို့လည်း သိရပါတယ်။

ပြည်တွင်းရိုးရာလက်ဝှေ့ကျော်တွေရဲ့ တွဲဆိုင်း (၅) ဆိုင်းကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံခြားသားတွဲဆိုင်း (၃)ဆိုင်းကိုတော့ ဘန်ကောက်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ အဆိုပါပြိုင်ပွဲကို အချိန်အတူတူကျင်းပသွားမှာဖြစ်ပြီးတော့ နေရာ (၂)ခုမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေကိုပေါင်းစပ်ပြီး တိုက်ရိုက်ထုတ်လွှင့်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ 

တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း နည်းပညာအကူအညီတွေရယူပြီး လုပ်ဆောင်သွားမှာဖြစ်ကာ နိုင်ငံတကာရုပ်သံလိုင်းတွေမှာ တိုက်က်ရိုက်ပြသသွားမှာလည်းဖြစ်ပါတယ်။ ဘန်ကောက်မှာထိုးသတ်မယ့် တွဲဆိုင်းတွေအတွက် ပြည်တွင်းဒိုင်လူကြီးတွေက ရုပ်သံကတဆင့်ကြည့်ရှုကာ တိုက်ရိုက်အကဲဖြတ်အမှတ်ပေးသွားမှာလည်းဖြစ်ပါတယ်။ 

ဒါဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်တွေ့နေရတဲ့ ကာလအတွင်းမှာ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ WLC က ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာမှာလည်းဖြစ်ပါတယ်။ လာမယ့်ပြိုင်ပွဲတွေအတွက်လည်း နိုင်ငံခြားသားကစားသမားတွေကို ခေါ်ယူအားဖြည့်ထားပြီး ပြိုင်ပွဲအမျိုးအစားအသစ်တွေ ပါဝင်လာမယ်လို့လည်း WLC ရဲ့ မီဒီယာတာဝန်ခံ ကိုညီမင်းဟန်က Duwun Sports ကို ပြောဆိုထားခဲ့ဖူးပါတယ်။ 

WLC အနေနဲ့ ဒီနှစ်ထဲနဲ့ နောက်နှစ်အတွင်းမှာ ပြိုင်ပွဲတွေကျင်းပဖို့ စီစဉ်ထားပြီး လာမယ့်သြဂုတ်လအတွင်းမှာ ရန်ကုန်၊ စက်တင်ဘာလမှာ ကမ္ဘောဒီးယား၊ နိုဝင်ဘာလမှာ ရန်ကုန်တို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ အခုပြုလုပ်သွားမယ့် ပြိုင်ပွဲရဲ့ ကျင်းပမယ့်နေ့ရက်နဲ့ တွဲဆိုင်းအသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ထားခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ 



Author


က္က