မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့လို့ ပရိသတ် သတိထားမိခဲ့သူ ဖြစ်ပါတယ်။

မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့တဲ့အတွက် မြန်မာပရိသတ်တွေ သတိထားမိခဲ့သလို စပါးအုံးမလို့ နာမည်တွင် ထားတာကြောင့်လည်း ပိုမို စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။

ပြိုင်ပွဲတစ်ခုမှာ အနိုင်ရအပြီး မြန်မာအလံခြုံ အောင်ပွဲခံခဲ့လို့ မြန်မာပြည်သူတွေ သတိထားမိခဲ့တဲ့ အင်္ဂလန် နိုင်ငံသူ လက်ဝှေ့မယ် နီကိုလာ ဘာ့ခ်ကိုနဲ့ WLC တို့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ WLC က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကစ်ဘောင်ဆင်မယ် နီကိုလာဘာ့ခ်ကိုက သူ့ကိုယ်သူ မြန်မာ့စပါးအုံးမလို့ အမည်ပေးထားတာကြောင့်လည်း မြန်မာ လက်ဝှေ့ပရိသတ်တွေ ပိုမို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။



ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် (WLC)ကတော့ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲတွေကို နိုင်ငံတကာရဲ့ စည်းမျဉ်းအတိုင်း အမှတ်ပေးစနစ်နဲ့ ကျင်းပနေတာ ဖြစ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ပဲ သတင်းထုတ်ပြန်လာတာ ဖြစ်ပြီး စာချုပ်သက်တမ်း အတိအကျကိုတော့ မဖော်ပြ ထားပဲ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ WLC နဲ့အတူ ပွဲထွက်လာမယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

နီကိုလာက ကစ်ဘောင်ဆင်မထိုးခင် ဘဲလေးအက ကခဲ့ဖူးပြီး အဲ့နောက် တိုက်ကွမ်ဒိုကစားသမားအဖြစ် တိုက်ကွမ်ဒို ကမ္ဘာ့ချန်ပီယံရှစ်မှာ ချန်ပီယံ ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မြန်မာ့စပါးအုံးမ နီကိုလာဟာ သူရဲ့ပညာသည်ဘဝကို မနှစ်က EM Legend မှာ ပွဲဦးစထွက်ခဲ့ပြီး ပွဲ ၂၀ ကေကျာ်အတွေ့အကြုံရှိတဲ့ ပြိုင်ဘက်တရုတ်ကစားသမားကို အနိုင်ရခဲ့ပါတယ်။ နွေရာသီမှာတော့ SFS VI ပြိုင်ပွဲရဲ့ အမျိုးသမီး ၄ ယောက်ပွဲစဉ်ရဲ့ ဗိုလ်လုပွဲမှာ ကလဲရာမာရီးကလီမန့်စ်ကို အနိုင်ရကာ WKO British ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က