ထွန်းထွန်းမင်းကိုလည်း WLC က စာချုပ်ဖို့ ရှိပါတယ်။
ဒုတိယ ဥက္ကဌအဖြစ် ရာထူးခန့်အပ်ခဲ့တာ ဖြစ်သလို ကစားသမားအဖြစ်လည်း ထိုးသတ်သွားဖို့ရှိပြီး UFC ဖိုက်တာဟောင်းတစ်ဦးနဲ့ ပွဲစီစဉ်နေတယ်လို့ ဦးဇေသီဟက ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံ ဒေ့ဗ်ကို ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲတွေ စီစဉ်ကျင်းပနေတဲ့ မြန်မာလက်ခမောင်း ကုမ္ပဏီက ဒုတိယဥက္ကဌအဖြစ် ခန့်အပ်လိုက်ပြီလို့ ကုမ္ပဏီဥက္ကဌ ဦးဇေသီဟက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ကြေညာခဲ့ပါတယ်။
ဒေ့ဗ်ကို ဒုတိယ ဥက္ကဌအဖြစ်ခန့်အပ်လိုက်သလို WLC-9 မှာလည်း ပါဝင်လာဖွယ်ရှိသေးပြီး UFC က ဖိုက်တာဟောင်း တစ်ယောက်နဲ့ ပွဲစီစဉ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း မြန်မာလက်ခမောင်းကုမ္ပဏီ ဥက္ကဌ ဦးဇေသီဟက ထပ်မံ ဖော်ပြထားပါသေးတယ်။

မြန်မာ လက်ခမောင်း ကုမ္ပဏီအနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို အမှတ်ပေးစနစ်နဲ့ကျင်းပတဲ့ ပြိုင်ပွဲကို စီစဉ်ဆောင်ရွက်ခဲ့တာ အခုဆိုရင် ၇ ကြိမ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။



လာမယ့် WLC-8 ပြိုင်ပွဲကို မေလအတွင်း ကရင်ပြည်နယ်မှာ ကျင်းပဖို့ စီစဉ်ထားနှင့်ပြီလို့လည်း သိထားရပေမယ့် ဒေ့ဗ်ကတော့ WLC-9 လောက်မှသာ ပါဝင်လာဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒေ့ဗ်ကတော့ မြန်မာပြည်အလွတ်တန်း ချန်ပီယံဆုကို ထွန်းထွန်းမင်းထံကနေ လွှဲပြောင်းရယူထားသူ ဖြစ်သလို ချန်ပီယံခါးပတ်ကိုလည်း အကြိမ်ကြိမ် ကာကွယ်ထားနိုင်သူပါ။

ထွန်းထွန်းမင်းကလည်း WLC က ကမ်းလှမ်းလာမယ်ဆိုရင် ထိုးသတ်ဖို့ ရှိသလို WLCပြိုင်ပွဲကလည်း ထွန်းထွန်းမင်းကို ကမ်းလှမ်းဖို့ရှိတယ်လို့ ပြောထားတာလည်း ရှိလို့ သူတို့နှစ်ဦးကို အမှတ်ပေးစနစ်နဲ့ ထိုးသတ်မယ့် ပြိုင်ပွဲတစ်ခုမှာ တစ်ကျော့ ပြန်လည်မြင်တွေ့ရမှာလားဆိုတာကလည်း စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က