အနာဂတ်အခြေအနေကို မက်ဂရီဂေါ်ကိုယ်တိုင် တိတိကျကျအတည်ပြုခြင်းမရှိသေးပါဘူး။
Win Kyaw Min

UFCလိုက်ဝိတ်တန်းချန်ပီယံတစ်ဦးဖြစ်ခဲ့သူမက်ဂရီဂေါ်အနေနဲ့MMAကစားသမားဘဝကနေအနားယူပြီဖြစ်ကြော င်း အတည်ပြုကြေညာခဲ့ပြီဖြစ်ပါတယ်။

MMAကစားသမားဘဝကအနေအနားယူပြီဖြစ်ကြောင်း လေးနှစ်တာကာလအတွင်းတတိယအကြိမ်မြောက်ကြေ ညာခဲ့တဲ့ မက်ဂရီဂေါ်အနေနဲ့ UFC ကစားသမားအဖြစ် ပြန်လည်ရပ်တည်နိုင်ခြေနည်းပါးနေခဲ့ပေမယ့် ဖျော်ဖြေေ ရးကစားနည်းတစ်ခုဖြစ်တဲ့ WWE ပြိုင်ပွဲကို ပြောင်းလဲအခြေချဖို့ ပြင်ဆင်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိလာ ခဲ့ခြင်းကို thesun က ဖော်ပြလာပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်း UFC မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သူ အန်ဒါဆန်ဆေးဗားလ်ကို ရ င်ဆိုင်ဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ မက်ဂရီဂေါ်အနေနဲ့ ကစားသမားဘဝကနေ ရုတ်တရက်အနားယူ ကြောင်း ကြေညာခဲ့တဲ့အတွက် MMA လောကရဲ့ အံအားသင့်ဖွယ်အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။



သတင်းဖော်ပြမှုတွေအရ မက်ဂရီဂေါ်အနေနဲ့ မိသားစုအတွက် အချိန်ပိုပေးလိုတဲ့ ရည်ရွယ်ချက်ကြောင့် အနား ယူခဲ့တယ်လို့ အရိပ်အမြွတ်မှတ်ချက်ပြုခဲ့ပေမယ့် ဖျော်ဖြေရေးနပန်းအားကစားနည်းဖြစ်တဲ့ WWE ရဲ့ကစားသ မားအဖြစ် ရပ်တည်ဖို့အတွက်လည်း ပြင်ဆင်နေခဲ့တယ်လို့ ဖော်ပြမှုတွေရှိနေခဲ့တာပါ။

UFC ဥက္ကဋ္ဌဒါနာဝှိုက်ကိုယ်တိုင်ကတော့ မက်ဂရီဂေါ်ရဲ့ အနားယူမှုအတွက် အတည်ပြုခြင်းမရှိသေးသော်လည်း ဆုံးဖြတ်ချက်ပြန်လည်ပြင်ဆင်နိုင်ခြေရှိနေသေးကြောင်း ဆိုခဲ့သလို နည်းပြဟောင်းဂျွန်ကန်ဗန်နေ့ချ်ကလည်း U FC ပြိုင်ပွဲဆီကို မက်ဂရီဂေါ်ပြန်လာလိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုထားခဲ့ပြန်ပါတယ်။

ကမ္ဘာ့ထိပ်တန်းကိုယ်ခံပညာပေါင်းစုံအတိုက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲတွင် အောင်မြင်မှုများစွာရရှိခဲ့ပေမယ့် ဖျော်ဖြေရေးနပန်းအားကစားနည်းဖြစ်တဲ့ WWE ဆီကိုပြောင်းရွှေ့ခဲ့တဲ့ အမျိုးသမီးချန်ပီယံဟောင်းရွန်ဒါ ရူဆေး လ် ၊ ဟဲဗီးဝိတ်ချန်ပီယံဟောင်းဘရုစ်လန်စ်နာတို့လို ဖြစ်လာဖို့အတွက် မက်ဂရီဂေါ်ကိုယ်တိုင် ဆန္ဒရှိနေတာဖြစ် တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပါတယ်။


Author


က္က