နာအိုမီအနေနဲ့ လက်ရှိကမ္ဘာ့အဆင့်-၁၀ မှာရပ်တည်နေတဲ့ ဂျပန်အမျိုးသမီးတင်းနစ်မယ်ပါ။

၁၂လအတွင်း ဝင်ငွေစုစုပေါင်း စတာလင်ပေါင် ၃၀ ဒဿမ ၁သန်းကျော်ရရှိခဲ့တဲ့အတွက် ဝင်ငွေအများဆုံးရအမျိုး သမီးကစားသမားဖြစ်လာခဲ့တာပါ။

၂၀၁၉ သြစတြေးလျအိုးပင်းမ်ချန်ပီယံ ဂျပန်တင်းနစ်မယ် နာအိုမီအနေနဲ့ တစ်နှစ်တာကာလအတွင်း စံချိန်တင်ဝ င်ငွေတစ်ရပ်ရရှိခဲ့ခြင်းကြောင့်အားကစားလောကရဲ့ဝင်ငွေအများဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ကြော င်း Dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Forbes ကထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ နာအိုမီအနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၃၇ ဒဿမ၄သန်းအထိရှိလာခဲ့ပြီး အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံထက် ဝင်ငွေပိုများခဲ့ကာအခုလိုမှတ်တမ်းဝင် တာဖြစ်ပါတယ်။



တင်းနစ်လောကရဲ့ အဓိကပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့တဲ့အပြင် ဂရင်းဆလင်းချန်ပီယံဆု ၂ကြိမ်ရရှိထားခဲ့တဲ့ နာအိုပီဟာ လွန်ခဲ့တဲ့၄နှစ်ကျော်အတွင်းကမှအောင်မြင်မှု များစတင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသမီးကစားသမားလော ကရဲ့ ဝင်ငွေအများဆုံးစံချိန်ကို အံအားသင့်ဖွယ်ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဝင်ငွေအပေါ် တွက်ချက်ရာမှာ ပြိုင်ပွဲတွေကနေ ရရှိလာတဲ့ ဆုကြေးများ၊ စပွန်ဆာကုမ္ပဏီများမှ ဝင်ငွေများ၊ ရုပ်ပုံ အသုံးပြုမှုများရရှိမယ့် ဝင်ငွေများအပေါ် အခြေခံတွက်ချက်ခဲ့တာဖြစ်ပြီး ပွဲစဉ်တွေရပ်နားထားရတဲ့ လက်ရှိအချိန် မှာတင် နာအိုမီရဲ့ ဝင်ငွေက စံချိန်တင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ နာအိုမီအနေနဲ့ အဓိကဂရင်းဆလင်းပွဲစဉ်ဖြစ်တဲ့ ၂၀၁၈ ယူအက်စ်အိုးပင်းမ်၊ ၂၀၁၉ သြ စတြေးလျအိုးပင်းမ်ပြိုင်ပွဲနှစ်ခုမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆုကြေးငွေအမေရိကန်ဒေါ်လာ ၁ဝသန်းကျော်ရရှိခဲ့ပြီး အားကစားပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ NIKE နဲ့စာချုပ်ချုပ်ဆိုခဲ့ခြင်းကလည်း အခုလိုစံချိန်တင်ဝင်ငွေရရှိတဲ့ကစား သမားတစ်ဦးဖြစ်လာခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။



က္က