စည်းကြပ်ဒိုင်ကို တင်းနစ်ဘောလုံးနဲ့ ထိမှန်စေခဲ့လို့ပါ။
Pyae Phyo Thein

ဂျိုကိုဗစ်ဟာ သူ့ရဲ့ဘောင်းဘီအိတ်ထဲက တင်းနစ်ဘောလုံးကို ထုတ်ယူခဲ့ပြီးနောက် နောက်ကိုပြန်ရိုက်ခဲ့ရာမှာ အမျိုုးသမီးဒိုင်ရဲ့ လည်မျိုကို ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။


ကျင်းပလျက်ရှိတဲ့ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ ကမ္ဘာ့အဆင့်တစ်တင်းနစ်အကျော်အမော်ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်ကနေပဲ ထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။ နာမည်ကျော်ဆာဘီးယားတင်းနစ်သမားဟာ ပွဲစဉ်အတွင်းတာဝန်ယူနေတဲ့ စည်းကြပ်ဒိုင်အမျိုးသမီးတည့်တည်ဆီကို တင်းနစ်ဘောလုံးရိုက်မိခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

ဂျိုကိုဗစ်ဟာ ပြိုင်ဘက်အဖြစ် စပိန်တင်းနစ်သမားပါဘလိုကာရီနိုဘူစတာနဲ့ ယှဉ်ပြိုင်နေခဲ့တာဖြစ်ပြီးတော့ ပထမပွဲစဉ်မှာ ာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ သူ့ရဲ့ဘောင်းဘီအိတ်ထဲက တင်းနစ်ဘောလုံးကို ထုတ်ယူခဲ့ပြီးနောက် နောက်ကိုပြန်ရိုက်ခဲ့ရာမှာ အမျိုုးသမီးဒိုင်ရဲ့ လည်မျိုကို ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုဖြစ်ဖြစ်ချင်းမှာပဲ ဂျိုကိုဗစ်က ချက်ချင်းသွားရောက်ဖေးမခဲ့ကာ တောင်းပန်စကားဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့လုပ်ရပ်ဟာ မတော်မဆလုပ်မှုထက် ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တယ်လို့လည်း ယူဆခဲ့ပြီးတော့ ပြိုင်ပွဲကနေ ထွက်စေခဲ့တာဖြစ်ပါတယ်။  အမျိုးသမီးဒိင်ကိုလည်း ချက်ချင်းပဲ ဆေးကုသဖို့အတွက် ခေါ်ဆောင်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရေးအဖွဲ့က ဂျိုကိုဗစ်ကို ထုတ်ပယ်ဖို့ဆုံးဖြတ်သွားခဲ့ပါတယ်။

ဒါကြောင့် ဒီနှစ် US Open ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်ကနေပဲ လှည့်ပြန်ခဲဲ့ရပြီး ထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာခဲ့ပါတယ်။ ဒီလိုထုတ်ပယ်ခံရတဲ့အပေါ် ဂျိုကိုဗစ်က မကျေမနပ်ဖြစ်ခဲ့ပြီး "ဒီမတော်မဆမှုအတွက် သူမလည်းဆေးရုံကို သွားခဲ့ရတာမဟုတ်ပါဘူး၊ သူချက်ချင်းပဲ ပြန်လာနိုင်ခဲ့တာဖြစ်လို့ အခြားအပြစ်တစ်ခုခုပေးဖို့ ရွေးချယ်စရာတွေရှိနေတာပဲ" လို့ ပွဲကျင်းပရေးဒိုင်လူကြီးကို ပြောဆိုသွားခဲ့ပါတယ်။



ဂျိုကိုဗစ်ဟာ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ စကားပြောဆိုဖို့ကိုလည်း ငြင်းဆန်ခဲ့တယ်လို့ Give Me Sports က ဖော်ပြခဲ့ပါတယ်။ နာမည်ကျော်တင်းနစ်သမားဟောင်းကြီးဘောရစ်ဘက်ကာကလည်း ဒါဟာမတော်မဆမှုဖြစ်ပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကမှန်ကန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ ဂရန်းစလမ်းပြိုင်ပွဲစည်းမျဉ်းများအရ ကစားသမားတွေအနေနဲ့ ဒိုင်လူကြီး၊ ပြိုင်ဘက်၊ ပရိသတ် ဒါမှမဟုတ် ဘယ်လိုလူမျိုးကိုမဆို ရုပ်ပိုင်းဆိုင်ရာအရ စော်ကာခဲ့မယ်ဆိုပါက ပြိုင်ပွဲကထုတ်ပယ်ခံရမယ်ဆိုတဲ့ စည်းမျဉ်းကို သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ 


Author


က္က