• Other Sports
    မြန်မာပရိသတ်ကို အလိုလိုက်ပြီး ထိုးသတ်ပေးနေတယ်ဆိုတဲ့ အောင်လအန်ဆန်
Pyae Phyo Thein
[Unicode Version]

အားလုံးသိပြီးတဲ့အတိုင်း လာမယ့် အောက်တိုဘာလ (၂၆)ရက်နေ့မှာ MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ အောင်လအန်ဆန် နဲ့ စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား ခရာကီတို့ဟာ သုဝဏ္ဏအားကစားရုံမှာ ယှဉ်ပြိုင်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ လာရောက်ထိုးသတ်တဲ့ ပွဲတိုင်းကို အနိုင်ယူထားတဲ့ အောင်လအန်ဆန် နဲ့ MMA ဖိုက်တာဘဝမှာ (၉)ပွဲစလုံးကို အနိုင်ရထားတဲ့ ခရာကီတို့ရဲ့ ပွဲက အကြိတ်အနယ်ရှိမှာတော့ သေချာပါတယ်။

IMG_9236.jpg 

ချန်ပီယံခါးပတ်ကို ကာကွယ်ရမယ့် အောင်လအန်ဆန်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ သူ့ရဲ့ နာမည်ကျော် ချုပ်ကွက်နဲ့ ပြိုင်ဘက်တွေကို အနိုင်မယူတော့ပဲ အလဲအကွဲထိုးကာ နိုင်ပွဲတွေ ရယူလာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထိုးသတ်တဲ့ နည်းစနစ် ပြောင်းလဲလာတာက ဘာကြောင်လဲဆိုတာကို အောင်လအန်ဆန်က Duwun Sports နဲ့ သီးသန့်တွေ့ဆုံမှုမှာ အခုလို ပြောခဲ့ပါတယ်။

IMG_9240.jpg 

"မြန်မာပရိသတ်တွေကလည်း Standing Fight (လက်သီး၊ခြေထောက်နဲ့ ထိုးသတ်တာ) ကို ပိုကြိုက်တယ်ဆိုတော့ မြန်မာပရိသတ်အကြိုက်ကို နည်းနည်းအလိုလိုက်ရတာပေါ့" လို့ ပြောကြားခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ သူပိုင်နိုင်တဲ့ ဂျူဂျစ်ဆုနပန်းနဲ့ ပြိုင်ဘက်ကို မလှုပ်နိုင်အေင် အပိုင်ချုပ်ပြီး အနိုင်ယူလေ့ရှိပေမယ့် မြန်မာပရိသတ်တွေကတော့ အောင်လအန်ဆန်ကို အလဲအကွဲနဲ့ ထိုးသတ်ပုံကို ပိုမိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။

IMG_9244.jpg 

ပြီးခဲ့တဲ့ ဇွန်လတုန်းက ထိုးသတ်ခဲ့တဲ့ ဂျပန်နိုင်ငံသား ကမ်ဟာဆီဂါဝါနဲ့ ပွဲမှာလည်း အောင်လအန်ဆန်က ကုလားကားလို ထိုးသတ်မယ်လို့ ပြောဆိုခဲ့ပြီး ပရိသတ်အကြိုက် ပွဲချိန်ကြာကြာလေး ထိုးသတ်ပေးခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ အလိန်းနာဂါလာနီ၊ မာချာဒိုတို့နဲ့ ပွဲတွေမှာ ပြိုင်ဘက်ကို ပထမအချီမှာပဲ အနိုင်ရခဲ့တဲ့အတွက် ပရိသတ်တွေက ပွဲချိန်နည်းပါးစွာ ကြည့်ရှုရမှုအပေါ် အားမလိုအားမရဖြစ်ခဲ့ပြီး ပြောဆိုခဲ့တဲ့အတွက် အောင်လအန်ဆန်က ပရိသတ်အကြိုက် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

 

အောင်လအန်ဆန်က သူနဲ့တွေ့ဆုံရမယ့် ပြိုင်ဘက် ခရာကီကို (၃)ချီအတွင်း အလဲထိုးသွားမယ်လို့ ကြိုတင်ပြောကြားထားသူ ဖြစ်ပါတယ်။ ရှေ့ကထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေမှာ အောင်လအန်ဆန်ဟာ သူ ပြောခဲ့တဲ့ အချိန်တွေအတွင်းမှာ ပြိုင်ဘက်ကို အနိုင်ယူခဲ့ပြီး ချန်ပီယံဘွဲ့၊ ခါးပတ်ကာကွယ်ပွဲတွေကို အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဒီအတွက် ခရာကီနဲ့ပွဲမှာလည်း အောင်လအန်ဆန် ပြောထားသလို (၃)ချီအတွင်း အလဲထိုးနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

IMG_9245.jpg

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာ MMA ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ခရာကီကတော့ Desert Force Middleweight ၊ လိုက်ဟဲဗီးဝိတ် နဲ့ ဖီးနစ်မစ်ဒယ်ဝိတ်တန်းတို့ရဲ့ ချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာတော့ ခရာကီက MMA ရဲ့ စူပါဖိုက်တာတစ်ဦးအဖြစ် ထင်ရှားနေပြီး နာမည်ကျော်ကြားနေခဲ့ပါတယ်။

[Zawgyi Version]

အားလံုးသိျပီးတဲ့အတိုင္း လာမယ့္ ေအာက္တိုဘာလ (၂၆)ရက္ေန႔မွာ MMA မစ္ဒယ္၀ိတ္တန္းခ်န္ပီယံဆုအတြက္ လက္ရွိခ်န္ပီယံ ေအာင္လအန္ဆန္ နဲ႔ စိန္ေခၚသူ လက္ဘႏြန္ႏို္င္ငံသား ခရာကီတို႔ဟာ သု၀ဏၰအားကစားရုံမွာ ယွဥ္ျပိဳင္ထိုးသတ္ေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာျပည္မွာ လာေရာက္ထိုးသတ္တဲ့ ပြဲတိုင္းကို အႏိုင္ယူထားတဲ့ ေအာင္လအန္ဆန္ နဲ႔ MMA ဖိုက္တာဘ၀မွာ (၉)ပြဲစလံုးကို အႏိုင္ရထားတဲ့ ခရာကီတို႔ရဲ႕ ပြဲက အၾကိတ္အနယ္ရွိမွာေတာ့ ေသခ်ာပါတယ္။

ခ်န္ပီယံခါးပတ္ကို ကာကြယ္ရမယ့္ ေအာင္လအန္ဆန္ဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ သူ႔ရဲ႕ နာမည္ေက်ာ္ ခ်ဳပ္ကြက္နဲ႔ ျပိဳင္ဘက္ေတြကို အႏိုင္မယူေတာ့ပဲ အလဲအကြဲထုိးကာ ႏိုင္ပြဲေတြ ရယူလာတာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး ထိုးသတ္တဲ့ နည္းစနစ္ ေျပာင္းလဲလာတာက ဘာေၾကာင္လဲဆိုတာကို ေအာင္လအန္ဆန္က Duwun Sports နဲ႔ သီးသန္႔ေတြ႕ဆုံမႈမွာ အခုလို ေျပာခဲ့ပါတယ္။

"ျမန္မာပရိသတ္ေတြကလည္း Standing Fight (လက္သီး၊ေျခေထာက္နဲ႔ ထိုးသတ္တာ) ကို ပိုၾကိဳက္တယ္ဆိုေတာ့ ျမန္မာပရိသတ္အၾကိဳက္ကို နည္းနည္းအလိုလိုက္ရတာေပါ့" လို႔ ေျပာၾကားခဲ့ပါတယ္။ ေအာင္လအန္ဆန္ဟာ သူပိုင္ႏိုင္တဲ့ ဂ်ဴဂ်စ္ဆုနပန္းနဲ႔ ျပိဳင္ဘက္ကို မလႈပ္ႏိုင္ေအင္ အပိုင္ခ်ဳပ္ျပီး အႏိုင္ယူေလ့ရွိေပမယ့္ ျမန္မာပရိသတ္ေတြကေတာ့ ေအာင္လအန္ဆန္ကို အလဲအကြဲနဲ႔ ထိုးသတ္ပံုကို ပိုမိုျပီး သေဘာက်ေနတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇြန္လတုန္းက ထိုးသတ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံသား ကမ္ဟာဆီဂါ၀ါနဲ႔ ပြဲမွာလည္း ေအာင္လအန္ဆန္က ကုလားကားလို ထုိးသတ္မယ္လို႔ ေျပာဆိုခဲ့ျပီး ပရိသတ္အၾကိဳက္ ပြဲခ်ိန္ၾကာၾကာေလး ထုိးသတ္ေပးခဲ့ပါတယ္။ ေအာင္လအန္ဆန္ဟာ အလိန္းနာဂါလာနီ၊ မာခ်ာဒိုတို႔နဲ႔ ပြဲေတြမွာ ျပိဳင္ဘက္ကို ပထမအခ်ီမွာပဲ အႏိုင္ရခဲ့တဲ့အတြက္ ပရိသတ္ေတြက ပြဲခ်ိန္နည္းပါးစြာ ၾကည့္ရႈရမႈအေပၚ အားမလိုအားမရျဖစ္ခဲ့ျပီး ေျပာဆိုခဲ့တဲ့အတြက္ ေအာင္လအန္ဆန္က ပရိသတ္အၾကိဳက္ ထိုးေပးခဲ့တာ ျဖစ္ပါတယ္။

 

ေအာင္လအန္ဆန္က သူနဲ႔ေတြ႕ဆံုရမယ့္ ျပိဳင္ဘက္ ခရာကီကို (၃)ခ်ီအတြင္း အလဲထိုးသြားမယ္လို႔ ၾကိဳတင္ေျပာၾကားထားသူ ျဖစ္ပါတယ္။ ေရွ႕ကထိုးသတ္ခဲ့တဲ့ ပြဲစဥ္ေတြမွာ ေအာင္လအန္ဆန္ဟာ သူ ေျပာခဲ့တဲ့ အခ်ိန္ေတြအတြင္းမွာ ျပိဳင္ဘက္ကို အႏိုင္ယူခဲ့ျပီး ခ်န္ပီယံဘြဲ႕၊ ခါးပတ္ကာကြယ္ပြဲေတြကို ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ ဒီအတြက္ ခရာကီနဲ႔ပြဲမွာလည္း ေအာင္လအန္ဆန္ ေျပာထားသလို (၃)ခ်ီအတြင္း အလဲထိုးႏိုင္မွာလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္၊ ဒီဇင္ဘာလမွာ MMA ပေရာ္ဖက္ရွင္နယ္ ကစားသမားဘ၀ကို စတင္ခဲ့တဲ့ ခရာကီကေတာ့ Desert Force Middleweight ၊ လိုက္ဟဲဗီး၀ိတ္ နဲ႔ ဖီးနစ္မစ္ဒယ္၀ိတ္တန္းတို႔ရဲ႕ ခ်န္ပီယံဘြဲ႕ကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ အေရွ႕အလယ္ပိုင္းေဒသမွာေတာ့ ခရာကီက MMA ရဲ႕ စူပါဖိုက္တာတစ္ဦးအျဖစ္ ထင္ရွားေနျပီး နာမည္ေက်ာ္ၾကားေနခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs