• Other Sports
    မက်ဂရီဂေါနဲ့ခါဘစ်ကို ဒီဇင်ဘာအထိ ပွဲထိုးခွင့်ပိတ်ပင်
Kyawko Ko
[Unicode Version]

မူလက အောက်တိုဘာ ၁၅ ရက်နေ့အထိပဲ ရက်သတ်မှတ်ထားပေမယ့်လည်း အခုချိန်မှာတော့ ကော်မရှင်ရဲ့ ဘုံဆုံးဖြတ်ချက်အရ စုံစမ်းစစ်ဆေး တဲ့ ကာလကို ဒီဇင်ဘာအထိ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

khabib-mcgregor-submission_iawy8lvh90uz1sx8lnsk1s9i7.jpg

Photo - Sporting News

 

အောက်တိုဘာ ၇ ရက်နေ့က ထိုးသတ်ခဲ့တဲ့ ခါဘစ်နဲ့ မက်ဂရီဂေါတို့ရဲ့ UFC လိုက်ဝိတ်စိန်ခေါ်ထိုးသတ်ပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှု ကြောင့် နီဗာဒါပြည်နယ် အားကစားကော်မရှင်က ကစားသမားနှစ်ဦးစလုံးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မြန်မာပရိသတ်ကို အလိုလိုက်ပြီး ထိုးသတ်ပေးနေတယ်ဆိုတဲ့ အောင်လအန်ဆန် 

ဖြစ်စဉ်မှာတော့ ပွဲအပြီးမှာ ခါဘစ်ဟာ လက်ဝှေ့သံဇကာကို ကျော်တက်ကာ ပြိုင်ဖက် မက်ဂရီဂေါရဲ့ အဖွဲ့ဝင်တွေကို သွားရောက် ခိုက်ရန်ပြုခဲ့ တာပါ။

_103832481_cm1.jpg

Photo - Getty Images

 

ဒါကြောင့်လည်း ခါဘစ်အနိုင်ရရှိထားတဲ့ ထိုးသတ်ဆုကြေးငွေထဲက တစ်ဝက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကို ကော်မရှင်က ပြန်လည် ရုပ် သိမ်းခဲ့သလို ကျန်တစ်ဝက်ကိုလည်း တရားရေးစစ်ဆေးအယူခံဝင်နေချိန်အတွင်း ထိန်းသိမ်းထားပါတယ်။

မူလကတော့ ကစားသမား နှစ်ဦးစလုံးကို အောက်တိုဘာလ ၁၅ ရက်နေ့အထိပဲ ထိုးသတ်ခွင့်ပိတ်ပင်ဖို့ ပြစ်ဒဏ်စီရင်ခဲ့ပေမယ့်လည်း အခုချိန်မှာ တော့ ကော်မရှင်က အားလုံး သဘောတူညီမှုနဲ့ ဒီဇင်ဘာလအထိ ထပ်တိုးခဲ့တာပါ။

Khabib-Nurmagomedov-STILL-hasnt-been-paid-for-Conor-McGregor-fight-as-investigation-into-brawl-continues.jpg

Photo - lowkickmma.com

 

အခုလို ထိုးသတ်ခွင့်ပိတ်ပင်ထားတဲ့ အခြေအနေအပေါ်မှာတော့ -" နီဗာဒါပြည်နယ်အားကစားသမားကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျွန် တော်နားလည်ပါတယ်။ကျွန်တော့် ကစားသမားအတွက် အကျိုးတစ်ခုခု ဖြစ်ပေါ်လာမယ်လို့လည်း ယုံကြည်ပါတယ်။" လို့ မက်ဂရီဂေါရဲ့ မန်နေ ဂျာ အော်ဒီအတ္တာက ပြောပါတယ်။

အဲ့ဒီတုန်းက ထိုးသတ်ခဲ့ကြတဲ့ ပွဲစဉ်မှာတော့ ရုရှားသား ခါဘစ်က လေးချီမြောက်မှာ မက်ဂရီဂေါရဲ့ ဦးခေါင်းကို ညစ်ထားခဲ့တာကြောင့် မက်ဂရီ ဂေါက အရှုံးပေးခဲ့တာ ဖြစ်ပြီး ဒီလိုအညှစ်ခံခဲ့ရတဲ့ ဒဏ်ကြောင့်လည်း မက်ဂရီဂေါအနေနဲ့ တစ်လလောက် အနားယူရမယ်လို့ ဆရာဝန်က ညွှန် ကြားခဲ့ပါတယ်။

5845470235001.jpg

Photo - The Independent

 

အဲ့နောက် ခိုက်ရန်ဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ခါဘစ်ရဲ့ အဖွဲ့ဝင်တွေက လက်ဝှေ့ကွင်းအတွင်းထဲထိ ဝင်ရောက်ပြီး မက်ဂရီဂေါကို ခိုက်ရန်ပြုခဲ့တာတွေလည်း ရှိပါတယ်။

ဒီရန်ပွဲမှာ ပါဝင်ခဲ့တဲ့ သူ ၃ ဦးကိုတော့ ထိန်းသိမ်းနိုင်ခဲ့ပြီး တရားရုံးမှာ စီရင်ဖို့အတွက် ဆောင်ရွက်ခဲ့ရာမှာတော့ ကာယကံရှင် မက်ဂရီဂေါက တက်ရောက်ခြင်းမရှိတာကြောင့် ပြန်လည်စေလွှတ်ပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်တွေပြီးလို့ အမိနိုင်ငံကို ပြန်ရောက်ရှိချိန်မှာတော့ ခါဘစ်က အဲ့ဒီတုန်းက လုပ်ရပ်အတွက် ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့ပြီး အဲ့လို ဖြစ်ခဲ့ ရတာကလည်း ပွဲမတိုင်ခင်တုန်းက မက်ဂရီဂေါက သူ့ကို တိုင်းပြည်ရေး၊အပါအဝင် ဘာသာရေးတို့ကို ထိပါးစော်ကားတဲ့ အပြောအဆိုတွေ ပြုမူခဲ့ လို့သာ ဖြစ်ပါတယ်လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

အခုချိန်မှာတော့ ဒီဖြစ်စဉ်တွေကို နီဗာဒါပြည်နယ် အားကစားကော်မရှင်က ဆက်လက်စုံစမ်းနေပြီ ဖြစ်ပြီး ဘယ်လို စီရင်မှုတွေ ပြုလုပ်သွားမလဲဆိုတာကတော့ လာမယ့်ဒီဇင်ဘာလမှာတော့ ရင်ခုန်စွာ စောင့်ကြည့်ရတော့မှာပါ။

[Zawgyi Version]


Photo - Sporting News

 




Photo - Getty Images

 



Photo - lowkickmma.com

 



Photo - The Independent

 






ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs