• Other Sports
    မလေးရှားတိုက်ခိုက်ရေးသမား ဆူးဘားရဲ့ ချုပ်ကွက်အောက်မှာ အရှုံးပေးခဲ့ရတဲ့ ဖိုးသော်
Pyae Phyo Thein
[Unicode Version]

ONE CHAMPIONSHIP PURSUIT OF GREATNESS ရဲ့ အဓိကပွဲစဉ်တစ်ပွဲထဲမှာ ပါဝင်နေခဲ့တဲ့ ဖိုးသော် (မြန်မာ ) နဲ့ ကီရာနူဆူးဘား (မလေးရှား) တို့ရဲ့ ဖယ်သာဝိတ်တန်းပြိုင်ပွဲကို ဒီနေ့ ယှဉ်ပြိုင်ထိုးသတ်သွားခဲ့ပါတယ်။ ရိုးရာလက်ဝှေ့၊ အာကီဒို နဲ့ ကရာတေး ကိုယ်ခံပညာတွေကို ကျွမ်းကျင်တဲ့ ဖိုးသော်  နဲ့ ကိုယ်ခံပညာပေါင်းစုံတတ်ကျွမ်းတဲ့ ဆူးဘားတို့ပွဲက ပရိသတ်တွေ စိတ်အဝင်စားဆုံး ပွဲတစ်ပွဲထဲမှာလည်း ပါဝင်နေခဲ့တာပါ။

44803600_1933277226974191_4563510048872988672_n.jpg 

ဒီအတွက် ဖိုးသော်ကို မြန်မာပရိသတ်တွေက အားပါးတရ အားပေးခဲ့ကြပြီး စိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့ပါတယ်။ အသက်အရွယ်အရ ဖိုးသော် နဲ့ ဆူးဘားတို့ဟာ တော်တော်လေးကွာခြားနေတာလည်း ဖြစ်ပါတယ်။ ဖိုးသော်က (၃၃)နှစ် ရှိပြီဖြစ်ပြီး ဆူးဘားကတော့ အသက် (၂၄)နှစ်အရွယ် တိုက်ခိုက်ရေးသမား ဖြစ်ပါတယ်။

44815482_1145678265582415_4543177184067452928_n.jpg 

ပထမအချီစစချင်းမှာပဲ ဆူးဘားက တိုက်စစ်ဆင်ထိုးသတ်ခဲ့ပြီး ဖိုးသော်ကို ဖိအားပေးခဲ့ပါတယ်။ ဖိုးသော်ကို ဆူးဘားက အပိုင်ချုပ်ပြီး ပွဲသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဖိုးသော်အနေနဲ့ ဆူးဘားရဲ့ ချုပ်ကွက်အောက်က ရုန်းထွက်ဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ဆူးဘားက အကောင်းဆုံးပုံစံနဲ့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

44838418_492385501255408_6220937357168738304_n.jpg 

ဒါကြောင့်လည်း ပထမအချီရဲ့ ပွဲချိန် (၂)မိနစ်အကျော်မှာပဲ ဆူးဘားကို ဖိုးသော် အရှုံးပေးခဲ့ရပါတယ်။ ဒါဟာ ဖိုးသော်အတွက် MMA ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့မှုဖြစ်ပြီး (၇)ပွဲ ထိုးသတ်ခဲ့အပြီးမှာ (၆)ပွဲနိုင် (၁)ပွဲရှုံး ရလာဒ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

43117226_315196939274673_3409737402007158784_n.jpg 

မြန်မာပရိသတ်တွေကတော့ ဖိုးသော်ရဲ့ မြန်ဆန်လှတဲ့ အရှုံးကြောင့် အံအားသင့်ခဲ့ရပေမယ့် ပွဲအပြီးမှာတေ့ာ ဖိုးသော်ရဲ့ နာမည်ကို အော်ဟစ်ကာ အားပေးသွားခဲ့ကြပါတယ်။

[Zawgyi Version]

ONE CHAMPIONSHIP PURSUIT OF GREATNESS ရဲ႕ အဓိကပြဲစဥ္တစ္ပြဲထဲမွာ ပါ၀င္ေနခဲ့တဲ့ ဖုိးေသာ္ (ျမန္မာ ) နဲ႔ ကီရာႏူဆူးဘား (မေလးရွား) တို႔ရဲ႕ ဖယ္သာ၀ိတ္တန္းျပိဳင္ပြဲကို ဒီေန႔ ယွဥ္ျပိဳင္ထိုးသတ္သြားခဲ့ပါတယ္။ ရိုးရာလက္ေ၀ွ႕၊ အာကီဒို နဲ႔ ကရာေတး ကိုယ္ခံပညာေတြကို ကၽြမ္းက်င္တဲ့ ဖိုးေသာ္  နဲ႔ ကိုယ္ခံပညာေပါင္းစံုတတ္ကၽြမ္းတဲ့ ဆူးဘားတို႔ပြဲက ပရိသတ္ေတြ စိတ္အ၀င္စားဆံုး ပြဲတစ္ပြဲထဲမွာလည္း ပါ၀င္ေနခဲ့တာပါ။

ဒီအတြက္ ဖိုးေသာ္ကို ျမန္မာပရိသတ္ေတြက အားပါးတရ အားေပးခဲ့ၾကျပီး စိတ္ဓာတ္ခြန္အားေပးႏိုင္ခဲ့ပါတယ္။ အသက္အရြယ္အရ ဖိုးေသာ္ နဲ႔ ဆူးဘားတို႔ဟာ ေတာ္ေတာ္ေလးကြာျခားေနတာလည္း ျဖစ္ပါတယ္။ ဖိုးေသာ္က (၃၃)ႏွစ္ ရွိျပီျဖစ္ျပီး ဆူးဘားကေတာ့ အသက္ (၂၄)ႏွစ္အရြယ္ တိုက္ခိုက္ေရးသမား ျဖစ္ပါတယ္။

ပထမအခ်ီစစခ်င္းမွာပဲ ဆူးဘားက တိုက္စစ္ဆင္ထိုးသတ္ခဲ့ျပီး ဖိုးေသာ္ကို ဖိအားေပးခဲ့ပါတယ္။ ဖိုးေသာ္ကို ဆူးဘားက အပိုင္ခ်ုပ္ျပီး ပြဲသိမ္းဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဖိုးေသာ္အေနနဲ႔ ဆူးဘားရဲ႕ ခ်ဳပ္ကြက္ေအာက္က ရုန္းထြက္ဖို႔ အစြမ္းကုန္ၾကိဳးစားအားထုတ္ခဲ့ေပမယ့္လည္း ဆူးဘားက အေကာင္းဆံုးပံုစံနဲ႔ ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္း ပထမအခ်ီရဲ႕ ပြဲခ်ိန္ (၂)မိနစ္အေက်ာ္မွာပဲ ဆူးဘားကို ဖုိးေသာ္ အရံႈးေပးခဲ့ရပါတယ္။ ဒါဟာ ဖိုးေသာ္အတြက္ MMA ကစားသမားဘ၀မွာ ပထမဆုံးအၾကိမ္ ရႈံးနိမ့္ခဲ့မႈျဖစ္ျပီး (၇)ပြဲ ထိုးသတ္ခဲ့အျပီးမွာ (၆)ပြဲႏိုင္ (၁)ပြဲရံႈး ရလာဒ္ကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

ျမန္မာပရိသတ္ေတြကေတာ့ ဖိုးေသာ္ရဲ႕ ျမန္ဆန္လွတဲ့ အရံႈးေၾကာင့္ အံအားသင့္ခဲ့ရေပမယ့္ ပြဲအျပီးမွာေတ့ာ ဖိုးေသာ္ရဲ႕ နာမည္ကို ေအာ္ဟစ္ကာ အားေပးသြားခဲ့ၾကပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs