• Other Sports
    ရှုံးနိမ့်ခဲ့တဲ့ ဖိုးသော်ကို အောင်လနဲ့အန်တိုနီယာ ဝိုင်းဝန်းနှစ်သိမ့်အားပေး
Kyawko Ko
[Unicode Version]

ဖိုးသော်အနေနဲ့ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပေမယ့်လည်း ရှေ့ဆက် ပိုပြီး ကျွမ်းကျင်အောင်လေ့ကျင့်သွားဖို့နဲ့ စိတ်ဓာတ်မကျဖို့ကို အောင် လနဲ့ အန်တိုနီယာတို့က အားပေးနှစ်သိမ့်ခဲ့ပါတယ်။

44406460_157747538512312_5050009786288963584_n.jpg

Photo - Bozhena Antoniyar Facebook Page

 

မနေ့ညက ကျင်းပခဲ့တဲ့ One Championship ရဲ့ Pursuit of greatness ပြိုင်ပွဲကြီးမှာ မြန်မာက ဖိုးသော်က မလေးရှားက ဆူးဘားနဲ့ ထိုးသတ်ခဲ့ပါတယ်။

မလေးရှားတိုက်ခိုက်ရေးသမား ဆူးဘားရဲ့ ချုပ်ကွက်အောက်မှာ အရှုံးပေးခဲ့ရတဲ့ ဖိုးသော် 

ပွဲအစ ပထမအချီမှာပဲ ဆူးဘားရဲ့ အားသာချက်ဖြစ်တဲ့ ချုပ်ကွက်ကို ဖိုးသော် ပြန်လည်ခုခံနိုင်စွမ်းမရှိပဲ အရှုံးပေးလိုက်ရတာကြောင့် MMA ပြိုင် ပွဲမှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Capture.PNG 

ပွဲမတိုင်ခင်မှာကတည်းက ပြိုင်ဖက်က ချုုပ်ကွက်မှာ အားသာတယ်လို့ ဖိုးသော်ကိုယ်တိုင် ပြောခဲ့ပေမယ့်လည်း အမှန်တစ်ကယ် ယှဉ်ပြိုင်ချိန်မှာ တော့ ဒီအားသာချက်ကို ဖိုးသော် တားဆီးဖို့ ခက်ခဲခဲ့ပါတယ်။

ဒီလို ရှုံးနိမ့်ခဲ့လို့ ဖိုးသော်က သူ့ကို ဝေဖန်အကြံပြုသူတွေကို ကျေးဇူးတင်ခဲ့သလို ပြန်လည်ကြိုးစားပြင်ဆင်သွားမယ်လို့လည်း သူ့ရဲ့ လူမှု ကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Capturedfdfdf.jpg 

အခြားတစ်ဖက်မှာလည်း ဖိုးသော်ကို ဝိုင်းဝန်းအားပေးနှစ်သိမ့်တဲ့ပရိသတ်တွေများစွာက ဖိုးသော်ရဲ့ လူမှုစာမျက်နှာထက်မှာ အသီးသီးရေးသား ဖော်ပြအားပေးခဲ့ကြသလို အနီးစပ်ဆုံး ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆိုင်းနဲ့ အန်တိုနီယာတို့ကလည်း ကိုယ်စီ အားပေးနှစ်သိမ့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

"ဖိုးသော်ကို ဝိုင်းပြီး မရှုံ့ချကြပါနဲ့၊ဘယ်သူမှ အရှုံးနဲ့မကင်းပါဘူး။အားပေးပေးပါ။ကိုယ်လူမျိုးကို ကိုယ်မှ အားမပေးရင် ဘယ်သူက အားပေးမှာလဲ၊ ဖိုးသော်လည်း အခုထက်ပိုကြိုးစားပါ။" လို့ အောင်လအန်ဆိုင်းက ပွဲအပြီးမှာ အားပေးစကားပြောခဲ့ပါတယ်။

df.PNG 

ထိုနည်းတူစွာပဲ အင်ဒိုနီးရှားနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသမီး MMA ဖိုက်တာ အန်တိုနီယာကလည်း - " Ko Aung La နိုင်သွားတာ အရမ်းပျော်တယ်၊ ဒါပေမယ့် Ko Phoe Thaw ရှုံးသွားတယ်၊ တကယ် စိတ်မကောင်းဘူး။ Ko Phoe Thaw ကို အရမ်းနိုင်စေချင် တာ ဒါပေမယ့် ကိုဖိုးသော် စိတ်ဓာတ်မကျပါနဲ့နောက်ပွဲတွေ အများကြီးကျန်သေးတယ်။ အတူတူ လျောက်လှမ်းကြမယ်နော်။" လို့ သူရဲ့လူမှု စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဖိုးသော်က MMA ပြိုင်ပွဲ ၆ ပွဲထိုးသတ်ထားပြီး ၆ပွဲစလုံးကို အနိုင်ရထားပေမယ့်လည်း အခု ၇ ကြိမ်မြောက်ထိုးသတ်တဲ့ပွဲမှာတော့ ပထမဆုံး ရှုံးပွဲ နဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆိုင်းကတော့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်ှာတော့ ရှုံးပွဲမရှိသေးတဲ့ က ရာကီကို ရှုံးပွဲကြုံတွေ့စေခဲ့တာလည်း ဖြစ်ပါတယ်။

အန်တိုနီယာကတော့ ပထမဆုံး ထိုးသတ်ခဲ့တဲ့ နိုင်ငံတကာပွဲမှာ ထိုင်းနိုင်ငံက ရီကာကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းကလည်း အောင်လ အန်ဆန်က အားပေးနှစ်သိမ့်ပေးခဲ့ပါသေးတယ်။

[Zawgyi Version]

ဖိုးေသာ္အေနနဲ႔ ပထမဆုံးရႈံးပြဲၾကဳံေတြ႕ခဲ့ရတာ ျဖစ္ေပမယ့္လည္း ေရွ႕ဆက္ ပိုၿပီး ကၽြမ္းက်င္ေအာင္ေလ့က်င့္သြားဖို႔နဲ႔ စိတ္ဓာတ္မက်ဖို႔ကို ေအာင္ လနဲ႔ အန္တိုနီယာတို႔က အားေပးႏွစ္သိမ့္ခဲ့ပါတယ္။

Photo - Bozhena Antoniyar Facebook Page

 

မေန႔ညက က်င္းပခဲဲ့တဲ့ One Championship ရဲ႕ Pursuit of greatness ၿပိဳင္ပြဲႀကီးမွာ ျမန္မာက ဖိုးေသာ္က မေလးရွားက ဆူးဘားနဲ႔ ထိုးသတ္ခဲ့ပါတယ္။

မေလးရွားတိုက္ခိုက္ေရးသမား ဆူးဘားရဲ႕ ခ်ဳပ္ကြက္ေအာက္မွာ အရံႈးေပးခဲ့ရတဲ့ ဖိုးေသာ္ 

ပြဲအစ ပထမအခ်ီမွာပဲ ဆူးဘားရဲ႕ အားသာခ်က္ျဖစ္တ့ဲ ခ်ဳပ္ကြက္ကို ဖိုးေသာ္ ျပန္လည္ခုခံႏိုင္စြမ္းမရွိပဲ အရႈံးေပးလိုက္ရတာေၾကာင့္ MMA ၿပိဳင္ ပြဲမွာ ပထမဆုံးရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲမတိုင္ခင္မွာကတည္းက ၿပိဳင္ဖက္က ခ်ုဳပ္ကြက္မွာ အားသာတယ္လို႔ ဖိုးေသာ္ကိုယ္တိုင္ ေျပာခဲ့ေပမယ့္လည္း အမွန္တစ္ကယ္ ယွဥ္ၿပိဳင္ခ်ိန္မွာ ေတာ့ ဒီအားသာခ်က္ကို ဖိုးေသာ္ တားဆီးဖို႔ ခက္ခဲခဲ့ပါတယ္။

ဒီလို ရႈံးနိမ့္ခဲဲ့လို႔ ဖိုးေသာ္က သူ႔ကို ေ၀ဖန္အၾကံျပဳသူေတြကို ေက်းဇူးတင္ခဲ့သလို ျပန္လည္ႀကိဳးစားျပင္ဆင္သြားမယ္လို႔လည္း သူ႔ရဲ႕ လူမႈ ကြန္ရက္ စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အျခားတစ္ဖက္မွာလည္း ဖိုးေသာ္ကို ၀ိုင္း၀န္းအားေပးႏွစ္သိမ့္တဲ့ပရိသတ္ေတြမ်ားစြာက ဖိုးေသာ္ရဲ႕ လူမႈစာမ်က္ႏွာထက္မွာ အသီးသီးေရးသား ေဖာ္ျပအားေပးခဲ့ၾကသလို အနီးစပ္ဆုံး ပုဂၢိဳလ္ႏွစ္ေယာက္ျဖစ္တဲ့ ေအာင္လအန္ဆိုင္းနဲ႔ အန္တိုနီယာတို႔ကလည္း ကိုယ္စီ အားေပးႏွစ္သိမ့္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

"ဖိုးေသာ္ကို ၀ိုင္းၿပီး မရႈံ႕ခ်ၾကပါနဲ႔၊ဘယ္သူမွ အရႈံးနဲ႔မကင္းပါဘူး။အားေပးေပးပါ။ကိုယ္လူမ်ိဳးကို ကိုယ္မွ အားမေပးရင္ ဘယ္သူက အားေပးမွာလဲ၊ ဖိုးေသာ္လည္း အခုထက္ပိုႀကိဳးစားပါ။" လို႔ ေအာင္လအန္ဆိုင္းက ပြဲအၿပီးမွာ အားေပးစကားေျပာခဲ့ပါတယ္။

ထိုနည္းတူစြာပဲ အင္ဒိုနီးရွားႏိုင္ငံမွာ ေလ့က်င့္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ အမ်ိဳးသမီး MMA ဖိုက္တာ အန္တိုနီယာကလည္း - " Ko Aung La ႏိုင္သြားတာ အရမ္းေပ်ာ္တယ္၊ ဒါေပမယ့္ Ko Phoe Thaw ရွံုးသြားတယ္၊ တကယ္ စိတ္မေကာင္းဘူး။ Ko Phoe Thaw ကို အရမ္းႏိုင္ေစခ်င္ တာ ဒါေပမယ့္ ကိုဖိုးေသာ္ စိတ္ဓာတ္္မက်ပါနဲ႔ေနာက္ပြဲေတြ အမ်ားႀကီးက်န္ေသးတယ္။ အတူတူ ေလ်ာက္လွမ္းၾကမယ္ေနာ္။" လို႔ သူရဲ႕လူမႈ စာမ်က္ႏွာထက္ကေန ေရးသားေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဖိုးေသာ္က MMA ၿပိဳင္ပြဲ ၆ ပြဲထိုးသတ္ထားၿပီး ၆ပြဲစလုံးကို အႏိုင္ရထားေပမယ့္လည္း အခု ၇ ႀကိမ္ေျမာက္ထိုးသတ္တဲဲ့ပြဲမွာေတာ့ ပထမဆုံး ရႈံးပြဲ နဲ႔ ရင္ဆိုင္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ေအာင္လအန္ဆိုင္းကေတာ့ မစ္ဒယ္၀ိတ္ေရႊခါးပတ္ကို ဒုတိယအႀကိမ္ေျမာက္ ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ၿပီး ဒီတစ္ႀကိမ္ွာေတာ့ ရႈံးပြဲမရွိေသးတဲ့ က ရာကီကို ရႈံးပြဲၾကဳံေတြ႕ေစခဲ့တာလည္း ျဖစ္ပါတယ္။

အန္တိုနီယာကေတာ့ ပထမဆုံး ထိုးသတ္ခဲ့တဲ့ ႏိုင္ငံတကာပြဲမွာ ထိုင္းႏို္င္ငံက ရီကာကို ရႈံးနိမ့္ထားခဲ့တာ ျဖစ္ၿပီး အဲ့ဒီတုန္းကလည္း ေအာင္လ အန္ဆန္က အားေပးႏွစ္သိမ့္ေပးခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs